လေဆိပ်မှာ စွန့်ပစ်ခံရတဲ့ ခွေးလေးကို လေယာဉ်မှူးက မွေးစား

27-12-2022-yyl20.jpg

ဆန်ဖရန်စစ္စကိုလေဆိပ်မှာ စွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေးတစ်ကောင်က သူ ထာဝရနေထိုင်သွားရမယ့် အိမ်ကို ရှာတွေ့သွားခဲ့ပါပြီ။ အဲဒီခွေးလေးကို United Airline ရဲ့လေယာဉ်မှူး ဝီလျံ ဒေးလ်က မွေးစားခဲ့တာပါ။ ပိုလာရစ်လို့ အမည်ပေးထားတဲ့ အဲဒီခွေးလေးက ခရီးသည်တစ်ဦးနဲ့ လေဆိပ်ကိုပါလာခဲ့တာပါ။ ဒါပေမဲ့ ခရီးသည်က သူ့ရဲ့ခွေးလေးကို ခရီးစဉ်မှာ ဆက်ခေါ်မသွားတော့ဘဲ လေဆိပ်မှာ ထားပစ်ခဲ့တယ်လို့ the San Francisco SPCA (ပိုင်ရှင်မဲ့တိရစ္ဆာန်ခိုလှုံရာအဖွဲ့အစည်း) ကဆိုပါတယ်။

The San Francisco SPCA အဖွဲ့အစည်းနဲ့အတူ United Airlines ကလည်း ခွေးလေးကို အမေရိကန်နိုင်ငံထဲ ဝင်ရောက်နိုင်ဖို့အတွက် Quarantine ကာလအပါအဝင် လိုအပ်တဲ့အရာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။ Quarantine ပြီးမြောက်သွားပြီးတဲ့နောက်မှာ ခွေးလေးက သူ့ရဲ့ပိုင်ရှင်အသစ် လေယာဉ်မှူးဝီလျံကို ရှာတွေ့သွားခဲ့တာပါ။ United Airlines ရဲ့ ကာစတန်မာဝန်ဆောင်မှုအဖွဲ့က ပိုလစ်ရစ် ဘေးကင်းဖို့၊ ကျန်းမာဖို့နဲ့ အမြဲနေထိုင်နိုင်မယ့်အိမ်ရှာတွေ့ဖို့ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က ပိုလာရစ်ကို မွေးစားတာကို ဂုဏ်ပြုဖို့အတွက် United Airlines က ပါတီတစ်ခု ကျင်းပပေးခဲ့ပါတယ်။ ဂုဏ်ပြုပွဲမှာ ပိုလစ်ရစ်က အနီရောင်ဆန်တာကလော့စ်ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ The San Francisco SPCA ကိုလည်း ဒေါ်လာ ၅၀၀၀ လှူဒါန်းခဲ့ပါတယ်။

Ref: This dog was abandoned at the San Francisco airport. Then a pilot adopted him

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top