ဖခင်ရဲ့အလောင်းဘေးမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

1.12.23-yyl-4.jpg

အင်ဒိုနီးရှားနိုင်ငံမှ စုံတွဲဟာ သတို့သမီး ဖခင်ရဲ့ရုပ်အလောင်းဘေးမှာပဲ မင်္ဂလာပွဲ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ နိုဝင်ဘာလ ၂၆ ရက်က ဆူလာဝစီကျွန်းမှာရှိတဲ့ သတို့သမီး နေအိမ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းအရ စောင်ဖြူအုပ်ထားတဲ့ သတို့သမီးဖခင်ရဲ့ ရုပ်အလောင်းဘေးမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာပြီး မင်္ဂလာပွဲ အပြီးမှာတော့ မိသားစုဝင်တွေက ငိုကြွေးနေကြတာ တွေ့ရပါတယ်။

သွေးတိုးရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့ သတို့သမီးရဲ့ဖခင်ဟာ မင်္ဂလာပွဲကိစ္စတွေ စီစဉ်နေရင်းနဲ့ မင်္ဂလာဆောင်နေ့ မတိုင်ခင် တစ်ရက်အလိုမှာ ကွယ်လွန်ခဲ့တာပါ။ သမီးဖြစ်သူရဲ့ လက်ထပ်ပွဲကို မြင်တွေ့ချင်တဲ့ သူ့ဆန္ဒအရ သူ့ရုပ်အလောင်းဘေးမှာ လက်ထပ်ထိမ်းမြားဖို့ သတို့သမီးဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာပွဲအပြီးမှာတော့ သူ့ရဲ့ရုပ်အလောင်းကို အနီးနားမှာရှိတဲ့ သုဿန်မှာ မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်။

Ref: Indonesian couple gets married right next to body of bride’s dad

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply