လွှတ်တော်ထဲမှာ ဖုန်းကို တူနဲ့ထုခွဲပြီး အစိုးရရဲ့ဥပဒေကြမ်းကို တူရကီလွှတ်တော်အမတ် ကန့်ကွက်

14-10-2022-yyl-02.jpg

တူရကီလွှတ်တော်အမတ်က လွှတ်တော်ထဲမှာ သူ့ဖုန်းကို တူနဲ့ထုခွဲပြီး အစိုးရက ပြဋ္ဌာန်းမယ့် ဥပဒေကြမ်းကို ကန့်ကွက်ခဲ့တယ်။ အွန်လိုင်းပေါ်က သတင်းမှား တိုက်ဖျက်ရေးဥပဒေကြမ်းအရ လူမှုကွန်ရက်တွေနဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေဟာ သတင်းမှား ဖြန့်နေတယ်လို့ သံသယရှိတဲ့ အသုံးပြုသူရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီဥပဒေအရ ပြစ်ဒဏ်ကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရမှာပါ။

အတိုက်အခံပါတီဖြစ်တဲ့ ရီပတ်ဗလစ်ကန်ပြည်သူ့ပါတီရဲ့ လွှတ်တော်အမတ် ဘူရက်အာဘေးကတော့ အဲဒီဥပဒေကိုသာ အတည်ပြုလိုက်ရင် ဖုန်းတွေကို သုံးနေစရာ မလိုတော့ဘူး၊ အဲဒီတော့ တူနဲ့ ထုခွဲလိုက်ရုံပဲ ရှိတော့တယ်ဆိုပြီး လွှတ်တော်ထဲမှာ တူနဲ့ထုခွဲခဲ့တာပါ။

အဲဒီဥပဒေကြမ်းကို အတည်ပြုလိုက်ရင် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်ပြီး ဆင်ဆာဖြတ်မှုတွေ အကျယ်တဝင့် ဖြစ်လာနိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

Ref: Watch: Turkey MP smashes phone with hammer in parliament

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top