တက္ကသိုလ်က သူ့အတွက် ဝါသနာပါ”ဆိုတဲ့ ဘွဲ့ ၊ လက်မှတ် (၃၂) ခုရရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား

22-7-2020-yyl-029.jpg

အာရှနိုင်ငံသူနိုင်ငံသားတွေကလည်း ပညာသင်ယူနေချိန်မှာ အောင်မြင်မှုတွေရရှိခဲ့သူတွေပါပဲ။ တချို့တွေဆိုရင် ပညာရေးဘက်မှ မတော်ရင်တောင် အားကစားဘက်၊ လက်မှုပညာဘက်၊ အတတ်ပညာတစ်ခုခုဘက်မှာ တော်ကြပါတယ်။ သူ့အရည်အချင်းနဲ့ သူရှိကြပါတယ်။ ပညာရေးဘက်မှာ အရမ်းလိုက်စားတဲ့သူတွေက ကိုယ့်ကိုယ်တိုင် ကြိုးစားချင်စိတ် ရှိတာအပြင် ပညာရေးကို ဦးစားပေးတဲ့ မိဘတွေရဲ့ပြုစုပျိုးထောင်မှာအောက်မှာ နေခဲ့ရလို့ပါပဲ။

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ကလည်း ဘွဲ့တွေ၊ လက်မှတ်တွေ တစ်စီတစ်တန်းကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အာရှနိုင်ငံသားတစ်ယောက်ပါပဲ။ အသက် (၃၉) နှစ်အရွယ် ဝီလင် ကူဆူမာ ဆိုသူ အမျိုးသားတစ်ဦးက ဘွဲ့နဲ့ သင်တန်းလက်မှတ် (၃၂) ခု ရရှိအောင်လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဘွဲ့တွေကတော့ S.T., S.E., S.Sos., S.H, S.Kom., S.S., S.Ap., S.Stat., S.Akt., S.I.Kom., S.I.P., M.T., M.S.M., M.Kn., RFP-I, CPBD, CPPM, CFP, Aff.WM, BKP, QWP, CPHR, ICPM, AEPP, CBA, CMA, CPMA, CIBA, CBV, CERA, CSA, ACPA တို့ပါပဲ။

ပညာရေးမှာ ကူဆူမာရဲ့အောင်မြင်မှုခရီးစဉ်က သူ့အသက် (၁၈) နှစ်၊ ၁၉၉၉ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဘွဲ့က Surabaya University မှာ ရရှိခဲ့တဲ့ စက်မှုအင်ဂျင်နီယာဘွဲ့ဖြစ်ပါတယ်။ သူက အဲဒီဘွဲ့မှာတင် ရပ်တန့်မနေခဲ့ဘဲ ပညာရေးကို ဆက်လက်လိုက်စားခဲ့ပါတယ်။ “တက္ကသိုလ်က ကျွန်တော့်အတွက် ဝါသနာတစ်ခုပါပဲ။ ကျွန်တော် စာသင်ယူရတာ တကယ်ကို ပျော်တယ်။ တက္ကသိုလ်တက်ရင်းနဲ့ ကျွန်တော့်အတွက် လက်တွေ့အသုံးဝင်တဲ့ဗဟုသုတတွေကို ရရှိမယ်ဆိုတာ သေချာပါတယ်”လို့ ကူဆူမာက ပြောပါတယ်။ သူ့ရဲ့ဘွဲ့တွေအားလုံးက တက္ကသိုလ်တွေကချည်းရရှိခဲ့ တာမဟုတ်ပါဘူး။ နာမည်ကြီးသင်တန်းတော်တော်များများကနေလည်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ လက်မှတ်တွေရရှီခဲ့ပါတယ်။ သူရရှိခဲ့တဲ့ဘွဲ့တွေအားလုံးကို ခြုံငုံပြောရရင် ဝိဇ္ဇာဘွဲ့ (၁၁) ခု၊ မဟာဘွဲ့ (၃) ခုနဲ့ အတတ်ပညာဆိုင်ရာလက်မှတ် (၁၈) ခုတို့ဖြစ်ပါတယ်။

သူ့မှာ ဘွဲ့လက်မှတ်များစွာ ပိုင်ဆိုင်ထားပြီဖြစ်ပေမယ့် ဘွဲ့တွေ ထပ်ပြီးလိုချင်သေးတာကြောင့် သူ့ရဲ့ပညာရေးခရီးစဉ်ကို ဘယ်နေရာမှာမှရပ်တန့်မနေခဲ့ပါဘူး။ ကူဆူမာက သူ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုလက်မှတ် တွေလည်းရရှိခဲ့ပါတယ်။ ၂၀၁၂ခုနှစ်တုန်းက ကူဆူမာဟာ အင်ဒိုနီးရှားမှာ ဘွဲ့မျိုးစုံ ရရှိခဲ့တဲ့အတွက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ စာသင်နှစ်ဝက်တစ်ခုတည်းမှာ သင်ယူချိန်၊ လက်တွေ့လုပ်ချိန်၊ ကျူတိုရီယယ်အချိန်တွေ ပေါင်းစပ်တွက်ချက်တဲ့ Credit hour အများဆုံး ရရှိသူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ သူက Credit hour ၁၁၁ အထိ ရရှိခဲ့တာပါ။

Ref: WorldofBuzz “Indonesian Man With 32 Academic & Non-Academic Titles Says “University Is A Hobby For Me””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top