ဆွာရက်ဇ်က လေ့ကျင့်ရေးကွင်းမှာ ဘယ်သူ့ကိုမှ မရှိန်ခဲ့ဘူးလို့ ဂျရတ် ဝေဖန်

hotsport01.jpg

ဆွာရက်ဇ်ဟာ လီဗာပူးအသင်းမှာ ကစားခဲ့တုန်းက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဘယ်သူ့ကိုမှ ရှိန်မနေခဲ့လို့ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ ချက်ချင်းတွေးမိခဲ့ကြောင်း လီဗာပူး ကွင်းလယ်လူဟောင်း ဂျရတ်က ပြောပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ အိုင်းယက်စ်အသင်းကနေ လီဗာပူးကို ပေါင် ၂၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၃ ပွဲ ကစားရာမှာ ၈၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်က ဆုံးဖြတ်ချက်ခိုင်မာပြတ်သားပြီး ပြိုင်ဘက်အသင်း ဂိုးစည်းထဲမှာ ပဉ္စလက်ဆန်ဆန် စွမ်းဆောင်ပြနိုင်ခဲ့လို့ အချိန်တိုအတွင်းမှာပဲ လီဗာပူးပရိသတ်တွေရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

”ကျွန်တော်တို့အသင်းကို ရောက်လာတဲ့ တိုက်စစ်မှူး တော်တော်များများက ကာရေဂါတို့လို ဝါရင့်ကစားသမားတွေကို ရှိန်နေတတ်ကြပါတယ်။ ဒါပေမဲ့ ဆွာရက်ဇ်ကတော့ လေ့ကျင့်ရေးကွင်းမှာ ဘယ်သူ့ကိုမှ ရှိန်မနေပါဘူး။ သူ့ပုံစံက မြင်နေကျပုံစံမျိုး မဟုတ်ဘူး။ ဆွာရက်ဇ်ဟာ ဘယ်သူ့ကိုမဆို ကျော်ဖြတ်ပြေးနိုင်တယ်။ ခံစစ်မှူးတစ်ယောက်ကို အချိန်မရွေး စိတ်ဒုက္ခပေးနိုင်တယ်။ အဲဒီကတည်းက သူကတော့ လီဗာပူးရဲ့ ထိပ်တန်းကစားသမားဖြစ်လာလိမ့်မယ်လို့ သိလိုက်တာပါ”လို့ ဂျရတ်က ပြောပါတယ်။ လီဗာပူးဟာ ဒီရာသီမှာတော့ နှစ် ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲစဉ်အပြီး ဆုဖလား ကိုင်မြှောက်ခွင့်ရရှိမှာပါ။ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာ ၃ ကြိမ် ရပ်တည်နိုင်ခဲ့ဖူးတဲ့ ဂျရတ်ကတော့ လီဗာပူးအသင်းရဲ့ အောင်မြင်မှုအတွက် ကျေနပ်ဝမ်းမြောက်တယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top