မင်္ဂလာဆောင်ဆိုတာ တစ်သက်မှာ တစ်ခါပဲ ဆောင်ရတာဆိုတဲ့စကားဟာ အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ဦးအတွက်တော့ ဘာမှမဟုတ်ပါဘူး။ သူဟာ အမျိုးသမီးတစ်ယောက်ပြီးတစ်ယောက်နဲ့ ခဏခဏမင်္ဂလာဆောင်လို့ပါပဲ။ အခုလည်း သူက ၈၈ ကြိမ်မြောက် မင်္ဂလာဆောင်ဖို့ လုပ်နေပါပြီ။ ၈၇ ကြိမ်တိုင်တိုင် လက်ထပ်ခဲ့လို့ သူ့ကို “ပလေးဘွိုင်းဘုရင်” (Playboy King) အဖြစ် သတ်မှတ်ထားတာပါ။ သူကတော့ အသက် ၆၁ နှစ်အရွယ် ကာအန်ဆိုသူပါပဲ။
ကာအန်က ၈၈ ကြိမ်မြောက်မှာ သူ့ရဲ့ဇနီးဟောင်းတွေထဲက တစ်ယောက်ကို ပြန်လက်ထပ်မှာပါ။ အဲဒီဇနီးဟောင်းက ၈၆ ကြိမ်မြောက်မှာ လက်ထပ်ခဲ့တဲ့သူပါ။ ဇနီးဟောင်းက သူ့ဆီပြန်လာတာကို မငြင်းရက်နိုင်ဘူးလို့ လယ်သမားတစ်ဦးဖြစ်တဲ့ ကာအန်က ပြောပါတယ်။ ၈၆ ကြိမ်မြောက်လက်ထပ်ခဲ့တဲ့အဲဒီအမျိုးသမီးနဲ့ မင်္ဂလာသက်တမ်းက တစ်လပဲ ကြာခဲ့တယ်ဆိုပေမဲ့ သူ့ဇနီးဟောင်းက သူ့ကို ချစ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ ကွာရှင်းခဲ့တာကြာပြီဖြစ်ပေမဲ့ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာ ခိုင်မြဲနေသေးတယ်လို့လည်း သူက ပြောပါတယ်။ အခု သူတို့နှစ်ဦး ထပ်ပြီးမင်္ဂလာဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ကာအန်က အသက် ၁၄ နှစ်အရွယ်မှာ ပထမဆုံးလက်ထပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ပထမဇနီးဟာ သူ့ထက်နှစ်နှစ်ကြီးပြီး ကာအန်ရဲ့သဘောထားသေးသိမ်မှုကြောင့် နှစ်နှစ်အကြာမှာ သူ့ဇနီးက သူ့ကို ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ ကာအန်မှာ ဇနီးဘယ်နှစ်ယောက်ရှိတယ်ဆိုတာ အတိအကျသိရပေမဲ့ သားသမီး ဘယ်လောက်ရှိလဲဆိုတာ မသိရတဲ့အပြင် သူ့ရဲ့ဇနီးတွေက ဘယ်သူတွေလဲဆိုတာလည်း မသိရပါဘူး။
Ref: Indonesian ‘Playboy King’ To Marry One Of His Ex-wives Again In 88th Wedding
WL ( ရိုးရာလေး )