ခက်ခဲမှုတွေကြားက ပညာသင်ဆုကြေး ဒေါ်လာ (၃) သန်းကျော် ရခဲ့တဲ့ အိမ်ရာမဲ့ ကျောင်းသား

190521144921-homeless-valedictorian-scholarship-tupac-mosley-mxp-vpx-00011617-exlarge-169.jpg

ဘဝရဲ့စိန်ခေါ်မှုက ကိုယ့်အတွက် အခွင့်အရေးဆိုတာကို ယုံပါသလား။ အထက်တန်းကျောင်းသား တူပက် မိုဆလီ (Tupac Mosley) အကြောင်းကို သိရှိသွားပြီးရင်တော့ ယုံလာပါလိမ့်မယ်။ မိုဆလီက အထက်တန်း နောက်ဆုံးနှစ်မှာပဲ သူ့အဖေကို ဆုံးရှံးခဲ့ရပါတယ်။ သူက အိမ်ရာမဲ့တစ်ယောက်ပါ။ ဒါပေမဲ့ သူက အထက်တန်းနောက်ဆုံးမှာ အမှတ်များများရမှ ပညာသင်ဆုအများကြီးရပြီး တက္ကသိုလ် ကာင်းကောင်း တက်ရမယ်ဆိုတာကို သိထားတဲ့သူပေါ့။

ဒါကြောင့်လည်း သူက အထက်တန်းနောက်ဆုံးနှစ်မှာ GPA ဖြေတဲ့ အခါ (၄.၃) မှတ်၊ ACT ဖြေတဲ့ အခါ (၃၁) မှတ်ရပြီး ကျောင်းဆင်းပွဲမှာ မိန့်ခွန်းပြောခွင့်ရခဲ့ပါတယ်။ တကယ်လို့ သူက အဖေ သေသွားလို့ ဝမ်းနည်းပက်လက်ဖြစ်ပြီး စာမကြည့်ဘူးဆိုရင် ကျရှုံးမှာပေါ့။ ဒါပေမဲ့ သူ ဝမ်းနည်းစရာကို ပျော်စရာနဲ့ အစားထိုးနိုင်ခဲ့ပါတယ်။ သူက စာကြိုးစားပြီး အမှတ်ကောင်းခဲ့တော့ တက္ကသိုလ်တက်ဖို့ ပညာသင်ဆု ဒေါ်လာ (၃) သန်းကျော် ရသွားခဲ့ပါတယ်။

တကယ်တော့ သူက ပညာသင်ဆုကို ဒေါ်လာ (၁) သန်းလောက်ပဲ ရမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ သူကတော့ ထင်ထားတဲ့ ပညာသင်ဆုထက် (၂) ဆကျော် ဒေါ်လာ(၃) သိန်းခွဲလောက် ရခဲ့ပါတယ်။ သူက “ဒီပညာသင်ဆုရတာက ဂုဏ်ယူူစရာ နဲ့ ကောင်းတဲ့အရာတစ်ခုပါ။ ကျောင်းအတွက် အကောင်းဆုံး လုပ်ပေးနိုင်ခဲ့တာပါ။ ကမ်းလှမ်း လာကြတာ့ ပညာသင်ဆု ဒေါ်လာ (၁) သန်းထက် ရချင်ခဲ့တယ်။ ဒေါ်လာ (၃)သန်း ရခဲ့တာပါ”လို့ ဆိုခဲ့ပါတယ်။

မိုဆလီအတွက် အခက်ခဲက ဘယ်တုန်းကမှ ဆင်ခြေမဟုတ်ခဲ့ဘူးလို့ ကျောင်းအုပ်ကြီး ရှရီ မိခ် (Shari Meeks) ကိုယ်တိုင် ပြောခဲ့တာပါ။ မိုလဆီကတော့ အခုနှစ် စက်တင်ဘာလမှာ အမေရိကန်နိုင်ငံက တက္ကသိုလ်တစ်ခုမှာ လျှပ်စစ်အင်ဂျင်နီယာအနေနဲ့ ကျောင်းတတ်ရတော့မှာပါ။ သူက သူ့ဘဝရဲ့ စိန်ခေါ်မှုကို တစ်စက်လေးမှ အရှုံးမပေးဘဲ အလဲထိုးခဲ့ပြီး သူ့အတွက် အခွင့်အရေးတွေ အနေနဲ့ ပြောင်းလဲပစ်လိုက်တာပါပဲ။

Ref: NBC News “Serial swindler arrested after stealing $80,000 from woman he just met, police say”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top