ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရမှုများ

2.12.2021yyl1.jpg
  • ဂျပန်နိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ ပီရူးနိုင်ငံကနေ ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာလေဆိပ်ကို ရောက်ရှိလာတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား ဖြစ်ပါတယ်။ ပီရူးနိုင်ငံကတော့ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရမှု ရှိတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။
  • သြစတြေးလျနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရတဲ့ လူနာ ၇ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။
  • တောင်အာဖရိကနိုင်ငံကို ခရီးသွားမှတ်တမ်းရှိခဲ့သူ ၃ ယောက်ဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံက ကြေညာခဲ့ပါတယ်။
  • ဆော်ဒီနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရတဲ့ ပထမဆုံး လူနာတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အာဖရိကမြောက်ပိုင်းနိုင်ငံကနေ ပြန်လာတဲ့ ဆော်ဒီနိုင်ငံသားတစ်ဦး ကူးစက်ခံရတာပါ။ ဆော်ဒီနိုင်ငံဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် တွေ့ရှိရာ ၂၂ နိုင်ငံမြောက် ဖြစ်လာပါတယ်။
  • တောင်ကိုရီးယားနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ လူနာ ၂ ဦး တွေ့ရှိထားပါတယ်။

Ref: CNN live Reporting

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top