လူနာရဲ့ခြေထောက်ကို မှားဖြတ်မိခဲ့တဲ့ ဆရာဝန် ဒဏ်ငွေချမှတ်ခံရ

2.12.2021yyl2.jpg

လူနာရဲ့ ခြေထောက်ကို ဘယ်၊ ညာ မှားဖြတ်ခဲ့လို့ သြစတြီးယားနိုင်ငံက ခွဲစိတ်ဆရာဝန်တစ်ဦး ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မေလမှာ သက်ကြီးလူနာတစ်ဦးက သူ့ရဲ့ဘယ်ဘက်ခြေထောက်ကို ဖြတ်ထုတ်ဖို့ ဖရိုင်းစတက်မြို့ဆေးရုံကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်က ဘယ်ဘက်ခြေထောက်ကို မဖြတ်ဘဲ ညာဘက်ခြေထောက်ကို ဖြတ်မိခဲ့တာပါ။ နောက် ၂ ရက်ကြာလို့ ပတ်တီးအသစ်လဲတော့မှ ခြေထောက်မှားဖြတ်မိမှန်း သိခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ခွဲစိတ်ဆရာဝန် အမျိုးသမီးက အလွန်ပေါ့ဆခဲ့တယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ လင့်ခ်မြို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဒဏ်ငွေ ယူရို ၂၇၀၀ ချမှတ်ခဲ့တာပါ။ လူနာကတော့ တရားရုံးကို အမှုမတိုင်ကြားခင်ကတည်းက ကွယ်လွန်သွားခဲ့တာပါ။ လူနာရဲ့ ကျန်ရစ်သူဇနီးသည်ကို နစ်နာကြေးအဖြစ် ယူရို ၅၀၀၀ ပေးအပ်ခဲ့ပါတယ်။

ခွဲစိတ်ခန်းထဲက ဆင့်ကဲညွှန်ကြားမှုတွေမှာ လွဲမှားမှုရှိခဲ့တယ်လို့ ခွဲစိတ်ဆရာဝန် အမျိုးသမီးက ဆိုခဲ့ပြီး ” လူနာရဲ့ ခြေထောက်ကို မှားပြီး အရာပေးခဲ့မိမှန်း လုံးဝမသိခဲ့ဘူး” လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာ ခွဲစိတ်ဆရာဝန်က တခြားဆေးရုံကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ တရားရုံးရဲ့ အမိန့်ချမှတ်မှုမှာ ဒဏ်ကြေးတစ်ဝက်ကို ချက်ချင်းပေးဆောင်ရမှာဖြစ်ပြီး ကျန်တစ်ဝက်ကိုတော့ ဆိုင်းငံ့ပေးထားမှာပါ။

၁၉၉၅ ခုနှစ်တုန်းကလည်း အမေရိကန်နိုင်ငံက ခွဲစိတ်ဆရာဝန်တစ်ဦးဟာ ဆီးချိုလူနာရဲ့ ခြေထောက်ကို မှားဖြတ်နေမိမှန်း ခွဲစိတ်မှုလုပ်နေရင်းတန်းလန်းကျမှ သိခဲ့တဲ့ အဖြစ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။

Ref: BBC “Austria: Doctor fined for amputating wrong leg of patient”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top