ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဂျပန်နိုင်ငံက ကျောင်းအားလုံးကို ဧပြီလအထိ ပိတ်ထားမယ်

yyl-006-12.jpg

နိုင်ငံ (၅၄) နိုင်ငံမှာ ပျံ့နှံ့သွားပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူဦးရေနဲ့ ကူးစက်ခံရသူဦးရေတွေဟာ တစ်စတစ်စနဲ့ ပိုပိုပြီးများလာနေပါပြီ။ အဲဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်နေတဲ့အတွက် ဂျပန်နိုင်ငံက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအားလုံးကို မတ်လ ၂ ရက်နေ့က စပြီး ပိတ်ထားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မနေ့က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ကျောင်းအားလုံးကို ဧပြီလအစောပိုင်းအထိ ပိတ်ထားမှာဖြစ်ပါတယ်။ ဟော့ကိုင်းဒိုးက မူလတန်းနဲ့ အထက်တန်းကျောင်း (၁၆၀၀) ကျော်ကို ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့စီရင်စုနယ်တွေမှာ ကျောင်းသား/သူအပါအဝင် ကူးစက်ခံရသူ (၅၀) ကျော်ရှိနေပါတယ်။

“ဟော့ကိုင်းဒိုးက လူတွေရဲ့ အသက်နဲ့ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဟန့်တားနိုင်ဖို့ ကျွန်တော်တို့အစွမ်းကုန်ကြိုးပမ်းသွားမှာပါ” လို့အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ နာအိုမီချီ ဆူဇူကီက ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့အခြားနေရာတွေက ကျောင်းတချို့ကလည်း လုပ်ဆောင်ချက်တွေကို လျော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တိုကျိုမြို့က Ochanomizu University က မူကြိုကျောင်း၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်ကျောင်းတို့ကို ဒီကနေ့ကစပြီး တစ်လလောက် ပိတ်ထားမယ်လို့ ပြောပါတယ်။ ဂျပန်ဧကရာဇ်နာရူဟီတိုရဲ့ တူ မင်းသား ဟီဆာဟီတုကလည်း အဲဒီတက္ကသိုလ်အောက်က ဂျူနီယာအထက်တန်းကျောင်းမှာ တက်ရောက်နေတာဖြစ်ပါတယ်။

Ref: Japan to close all schools until April amid Covid-19 fears

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top