တက္ကသိုလ်မှာ ဧည့်ကထိကအဖြစ် လာရောက်ပြီး ကျောင်းသား/သူတွေကို အံ့အားသင့်စေခဲ့တဲ့ အဆိုတော်မင်းသား ကင်မြောင်ဆူး

l.webp

ကိုရီးယားယောကျ်ားလေးအဖွဲ့ Infinite ရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့ အဆိုတော်မင်းသားကင်မြောင်ဆူး (Lလို့လည်းလူသိများ) ဟာ မကြာသေးခင်ကမှ Sejong University ရဲ့Applied Music အတန်းမှာ အထူးဧည့်ကထိကအဖြစ် လာရောက်ခဲ့ပါတယ်။ မြောင်ဆူးက Sejong University ရဲ့ကျောင်းသားဟောင်းဖြစ်ပြီး Practical Music ကို သင်ယူခဲ့တဲ့သူပါ။

မြောင်ဆူး ရောက်လာတဲ့နေ့က အတန်းမလစ်တဲ့ကျောင်းသူ/သားတွေကတော့ တကယ်ကို ကံကောင်းပြီး တအံ့တဩဖြစ်ခဲ့တဲ့နေ့လေးပါပဲ။ သူလာမယ်ဆိုတာကို ကျောင်းဝင်းအတွင်းလူတွေအုံလာမှာဆိုးတာကြောင့် ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ထားခဲ့တာပါ။

သူက ဖျော်ဖြေရေးနယ်ပယ်မှာ ၁၆ နှစ်နီးပါး ရှိခဲ့တဲ့ သင်ခန်းစာတွေ၊ အနုပညာသက်တမ်းကြာရှည်ခံမှုအကြောင်းတွေကို ဆွေးနွေးဟောပြောပေးခဲ့ပါတယ်။ စာသင်ကြားမှုက ရုတ်တရက်ဆိုသလို ပရိသတ်တွေ့ဆုံပွဲလိုတောင်ဖြစ်ခဲ့ပါတယ်။

Ref: Infinite’s L, Aka Kim Myungsoo, Surprises Students As Guest Lecturer At University

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top