နွေရာသီကို အပူဒဏ်ကင်းကင်း အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်ချင်ရင်

31-3-2020-yyl-005.jpg

အခုနှစ်နွေရာသီမှာ အပူဒဏ်ကင်းစွာ၊ အန္တရာယ်ကင်းစွာ ဘယ်လိုကျော်ဖြတ်ရင် ကောင်းမလဲ စဉ်းစားနေကြတယ်မလား။ အိမ်မှာပဲ မပျင်းရဘဲ ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြတယ်ဟုတ်..။ အိမ်မှာနေရင်း အပူဒဏ်လည်း ကင်း အန္တရာယ်ကင်းစေမယ့် လုပ်စရာလေးတွေရှိပါတယ်နော်။ အပူရှိန်ပြင်းတဲ့အတွက် အပြင်ထွက်စရာလည်းမလိုပဲ အိမ်မှာပဲ ပျော်စရာလေးတွေ ဖန်တီးလို့ရပါတယ်။ အဲဒီပျော်စရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပန်းပင်လေးတွေ စိုက်ပါ

အိမ်မှာပဲ ပန်းအိုးနဲ့ အပင်စိုက်တာက စိတ်ဖိစီးမှုကို လျော့ချပေးရုံသာမက အပန်းလည်းပြေစေပါတယ်။ ပျိုးပင်လေးတွေကို မြေသြဇာအနည်းငယ်နဲ့ စိုက်ရုံပါပဲ။ အိမ်မှာ ဒီအတိုင်းနေမယ့်အစား အပင်စိုက်တာက အပျင်းပြေစေတာပေါ့။ နေရောင်ခြည်ရော၊ အရိပ်ပါရတဲ့နေရာမှာ အပင်စိုက်တာအကောင်းဆုံးပါပဲ။ သင်ကြိုက်နှစ်သက်ရာ ပန်းအိုးလေးနဲ့ ဘယ်လိုအပင်မျိုးဆို ရှင်သန်နိုင်မလဲဆိုတာ စဉ်းစားပြီး စိုက်ပျိုးပေးသင့်ပါတယ်။

သူငယ်ချင်းတွေနဲ့ အိမ်မှာပဲ ပျော်ပွဲစားထွက်ပါ

အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ တွေ့ရမယ့် အကောင်းဆုံးနည်းက ပျော်ပွဲစားထွက်တာပါပဲ။ အိမ်မှာ သူငယ်ချင်းတွေနဲအတူ အအေး၊ မုန့်တွေစားတာအပြင် မိမိကြိုက်နှစ်သက်ရာ ကာတွန်းဇာတ်ကောင်ပုံစံအတိုင်း ဖန်တီးတာဖြစ်ဖြစ် ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် ဖန်တီးပြီး နွေရာသီကို ဖြတ်သန်းလို့ရပါတယ်။ အိမ်မှာနေတော့ အပူလည်းကင်း အန္တရာယ်လည်းကင်းပါပဲ။

ဂိမ်းကစားပါ

အိမ်ထဲမှာပဲ မိုနိုပိုလီကစားတာဖြစ်ဖြစ် Unoကစားတာဖြစ်ဖြစ် နွေရာသီကို ဖြတ်သန်းလို့ရပါတယ်။ လိုင်းပေါ်ကနေ ဂိမ်းကစားလို့ရသလို အိမ်မှာလည်း မိုနိုပိုလီနဲ့ Unoတွေကို ဝယ်ပြီး ကစားလို့ရပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ အဲဒီလိုဂိမ်းတွေကစားနေမယ်ဆိုရင် အချိန် ဘယ်လိုကုန်သွားမှန်းတောင်သိမှာမဟုတ်ပါဘူး။

အသစ်သစ်တွေကို လေ့လာပါ

နွေရာသီမှာ အပြင်မထွက်ဘဲ အန္တရာယ်ကင်းကင်းနေချင်ရင် အွန်လိုင်းပေါ်ကနေ လေ့လာစရာတွေအများကြီးပါပဲ။ အွန်လိုင်းသင်တန်းတွေတက်လို့ရပါတယ်။ အွန်လိုင်းကနေ ဘာသာစကားအသစ်တွေ သင်ယူတာ၊ ဟင်းချက်နည်းသင်တာ၊ ဂီတတီးသင်တာတွေလည်း လုပ်လို့ရပါတယ်။

စာအုပ်ဖတ်ပါ

အိမ်မှာနေရင် စာကြမ်းပိုးလုပ်လို့ရပါတယ်။ စာအုပ်ဖတ်ပါ။ နွေရာသီမှာ စာအုပ်မဖတ်ခင် ငါ စာအုပ်ဘယ်နှစ်အုပ်ပြီးအောင်ဖတ်မယ်ဆိုပြီး သတ်မှတ်ထားပါ။ စာများများဖတ်တာက ဗဟုသုတကြွယ်ဝသလို အရမ်းလည်း အကျိုးရှိပါတယ်။ စာအုပ်အမျိုးအစားတစ်မျိုးတည်းရွေးမဖတ်ဘဲ မျိုးစုံဖတ်တာက အကောင်းဆုံးပါပဲ။

ဟင်းချက်ကြည့်ပါ

မိသားစုအတွက် ဟင်းချက်ပေးတာလောက် ဘာအရာမှ ပိုမကောင်းနိုင်ပါဘူး။ အနီးနားက ကုန်ဆုံးဆိုင်၊ ဈေးတွေကို လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး မိသားစုကို ဟင်းချက်ကျွေးပါ။ သင်က ဟင်းကောင်းကောင်းမချက်တတ်ဘူးဆိုလည်း အသုတ် သုတ်ကျွေးတာဖြစ်ဖြစ် အအေးဖျော်တိုက်တာဖြစ်ဖြစ် လုပ်ကျွေးကြည့်ပါ။ သင့်ရဲ့တစ်နေ့တာက မိသားစုအတွက် တစ်ခုခုလုပ်ကျွေးရင်းနဲ့ ကုန်ဆုံးသွားမှာဖြစ်ပါတယ်။

Ref: Innovative ways to spend your summer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top