အသက် ၂ နှစ်ပြည့်သွားတဲ့ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချိုပရာတို့ရဲ့သမီးလေး

17.1.24-yyl-16.jpg

နာမည်ကြီးကြယ်ပွင့်စုံတွဲဖြစ်တဲ့ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချိုပရာတို့ရဲ့သမီးလေး မာလ်တီ မေရီဟာ အသက် ၂ နှစ်ပြည့်သွားပါပြီ။ ဒီကနေ့မနက်ခင်းမှာ နစ်ခ်က သမီးလေးရဲ့ပုံနဲ့အတူ “ကျွန်တော်တို့ရဲ့နတ်သမီးလေး အသက် ၂ နှစ်ရှိပါပြီ” ဆိုတဲ့စာသားလေးနဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။

မာလ်တီလေးက မိဘတွေအပြင် အခြားမိသားစုဝင်တွေနဲ့ပါ မွေးနေ့ပွဲကို ဆင်နွှဲခဲ့တာကို ပုံတွေမှာ မြင်တွေ့ရပါတယ်။ ပရီယင်ကာရဲ့မန်နေဂျာကလည်း မာလ်တီလေးရဲ့မွေးနေ့ပွဲဆင်နွှဲတဲ့ပုံတွေကိုလည်း သူ့ရဲ့ Instagram story မှာ တင်ခဲ့ပါတယ်။

နစ်ခ်နဲ့ ပရီယင်ကာတို့က ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး မာလ်တီလေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပိုင်ဆိုင်ခဲ့တာပါ။

Ref: Inside Malti Marie’s 2nd Birthday Celebrations With Priyanka Chopra And Nick Jonas

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top