စတိဗ်ဂျော့ စီးခဲ့တဲ့ဖိနပ် ဒေါ်လာ ၂ သိန်းကျော်နဲ့ လေလံအောင်မြင်

28-11-2022yyl03.jpg

Apple ကုမ္ပဏီသမိုင်းရဲ့ အဆုံးအဖြတ် အချိန်ကာလတွေမှာ စတိဗ်ဂျော့ စီးတဲ့ ဖိနပ်တစ်ရံဟာ ဒေါ်လာ ၂ သိန်းကျော်နဲ့ လေလံအောင်ခဲ့ပါတယ်။ ဒါဟာ ဖိနပ်တစ်ရံအတွက်(Shoe ဖိနပ်များမပါ) အမြင့်ဆုံးဈေးနှုန်းနဲ့ လေလံဆွဲမှုလည်း ဖြစ်ပါတယ်။

၁၉၈၀ ပြည့်နှစ်များအတွင်း စတိဗ်ဂျော့ရဲ့ ကယ်လီဖိုးနီးယားနေအိမ်ကို စီမံခန့်ခွဲပေးတဲ့ အိမ်တော်ထိန်း မက်ခ်ရှက်ဖ်က ဒီဖိနပ်အပါအဝင် စတိဗ်ဂျော့ရဲ့ပစ္စည်းတွေကို ထိန်းသိမ်းထားခဲ့တာပါ။

၂၀၁၆ ခုနှစ်တုန်းက လေလံပွဲမှာ ဒီဖိနပ်ကို လေလံတင်တုန်းက ဒေါ်လာ ၂၀၀၀ ပဲ ရခဲ့ပေမဲ့ ၆ နှစ်အတွင်းမှာ တန်ဖိုးအဆ ၁၀၀ ကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Steve Jobs’ worn-out Birkenstocks sell for $218,000 at auction

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top