မျှော်လင့်ချက် မရှိတော့တဲ့ လူနာအတွက် အစားထိုး ကုသဖို့ ကျောက်ကပ် လှူပေးတဲ့ သူနာပြု

0_JS173536928.jpg

စကော့တလန်နိုင်ငံ အေရှိုင်းယား (Ayrshire) ဒေသက အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ရေချယ်ကော့စ် (Rachel Cox) ဟာ ကျောက်ကပ်လှူဒါန်းမယ်ဆိုပြီး အသက်အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါပေမဲ့ သူ(မ)လှူလိုက်တဲ့ကျောက်ကပ်ကို ဘယ်သူ့ကို အစားထိုး ကုသွားမလဲဆိုတာတော့ မသိသေးပါဘူး။

သူနာပြုရေချယ်ဟာ အေရှိုင်းယား (Ayrshire) ဒေသက Crosshouse ဆေးရုံမှာ ကျောက်ကပ်ဌာနမှာ အလုပ်လုပ်လာတာ ၁၅ နှစ်လောက်ရှိပါပြီ။ ဒါကြောင့် ကျောက်ကပ်တစ်ခု မရှိတော့တဲ့အခါ ဖြစ်လာနိုင်တဲ့ အသက်အန္တရာယ်တွေကိုလည်း သိထားပါတယ်။ ကျောက်ကပ်တစ်ခြမ်း လှူဒါန်းလိုက်တဲ့အခါ သွေးခဲတဲ့အပြင် တခြားကူးစက်မှုတွေနဲ့ အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါသေးတယ်။

၂၀၁၇ မှာ သူ(မ)ဟာ ကျောက်ကပ်ဖယ်ထုတ်ဖို့ ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့ လူနာတစ်ယောက်အတွက်ပဲဖြစ်ဖြစ် သင့်အနေနဲ့ ဘဝမှာ တစ်ကြိမ်တစ်ခါသာ ပြုလုပ်လို့ရတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့သူရဲကောင်းဆန်တဲ့ အပြုအမူကြောင့် တခြားသူနာပြုတွေကို ဖိအားပေးသလို မဖြစ်စေချင်ပါဘူးလို့ သူ(မ)ကပြောပါတယ်။ အမေရိကမှာ လူပေါင်း ၅,ဝ၀ဝ လောက်ဟာ ကျောက်ကပ်အစားထိုးဖို့ လိုအပ်လျက်ရှိပြီးတော့ လူနာပေါင်းရာကျော်ဟာ သေဆုံးဖို့စောင့်နေသလိုပါပဲ။

သနားကြင်နာတတ်တဲ့ သူနာပြုရေချယ်ဟာ ‘ကျွန်မမိသားစုကတော့ ကျွန်မကို ရူးများနေလားလို့ တွေးနေကြတယ်… ကျွန်မခင်ပွန်းက ကျွန်မကိုခွဲစိတ်ဖို့ ကျိန်းသေလားလို့ပဲ မေးပါတယ် ဒါပေမဲ့ ခွဲစိတ်မှု မလုပ်နဲ့လို့တော့ သူတစ်ခါမှ မပြောဖူးပါဘူး။ အနည်းဆုံးတော့ တစ်စုံတစ်ယောက်ရဲ့ ဘဝကို ပိုကောင်းအောင် တစ်ခုခုတော့ လုပ်ပေးချင်နေခဲ့တာပါ… ဒါဟာ ကျွန်မနေ့တိုင်း မြင်ယောင်ခဲ့ရတာ အရာပါ’ လို့ ဆိုပါတယ်။

ကလေးနှစ်ယောက်အမေလည်းဖြစ်တဲ့ သူနာပြုရေချယ်ဟာ သွေးစစ်ဆေးမှုတွေ၊ ကျောက်ကပ်တွေဟာ လှူလို့ရနိုင်ရဲ့လားဆိုတာနဲ့ သူ(မ)အသက်အရွယ်မှာ ကျောက်ကပ်တစ်ခြမ်းတည်းနဲ့ အသက်ရှင်နိုင်ရဲ့လားဆိုတာတွေအတွက် စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ သုံးနာရီတောင် မကြာတဲ့ ခွဲစိတ်မှုပြီးနောက် ပင်ပန်းနွမ်းနယ်သလို ခံစားခဲ့ရပါတယ်။ ‘ခွဲစိတ်မှုပြီးလို့ နိုးလာလာချင်း ကျွန်မ ပထမဆုံးလုပ်မိတာက ခြေစခေါင်းဆုံး အကောင်းတိုင်း ရှိသေးရဲ့လားလို့ စစ်ဆေးမိပါတယ်၊ ဆေးထိုးအပ်တွေ၊ အကိုက်အခဲပျောက်ဆေးတွေကြောင့် နည်းနည်းလေး သက်တောင့်သက်သာမရှိတာမျိုးတော့ ဖြစ်မိပါတယ်’ လို့ သူ(မ)ပြောပါတယ်။ အခုဆို သူ(မ)မှာ ကျောက်ကပ်တစ်ခုတည်း ရှိတော့ပေမဲ့ ဝမ်းဗိုက်နားမှာအမာရွတ်လေးဖြစ်နေတာကလွဲလို့ သူ(မ) ထူးထူးခြားခြား ခံစားရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ရေချယ်က ‘ဒီလို တစ်စုံတစ်ယောက်ရဲ့ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်နိုင်စေမယ့် ကျောက်ကပ်လှူမှုလုပ်လိုက်ရလို့ ကျွန်မအရမ်းပျော်ပါတယ်…’ လို့ဆိုပါတယ်။

Ref: www.dailymail.co.uk ” Dialysis nurse donates her own KIDNEY to a poorly stranger in desperate need of a transplant “

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top