အသက် ၁၈ နှစ်အရွယ်မှာ အရိုးကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရတဲ့ ကနေဒါအပြေးသမား တယ်ရီဖောက်ဟာ ကင်ဆာသုတေသနလုပ်ဖို့ လူတွေ ပိုသတိထားမိလာအောင်၊ ရန်ပုံငွေ တိုးမြှင့်ရရှိအောင် ရည်ရွယ်ပြီး ခြေတုတစ်ဖက်နဲ့ ကနေဒါနိုင်ငံ အရှေ့ဖျားကနေ အနောက်ဖျားအထိ ပြေးခဲ့သူပါ။
သူ့အသက်ကို ပဓာနမထားခဲ့တဲ့ တယ်ရီဖောက်ဟာ ၁၄၃ ရက်ကြာ ပြေးပြီးတဲ့နောက်မှာတော့ ( ၃၃၃၉ မိုင်အကွာအဝေး) ကင်ဆာဆဲလ်တွေက အဆုတ်အထိ ပျံ့နှံ့သွားခဲ့လို့ ” မျှော်လင့်ချက်မာရသွန်” အပြေးခရီးစဉ်ကို အဆုံးသတ်ခဲ့ရပြီး နောက် ၉ လအကြာမှာတော့ သူ ကွယ်လွန်ခဲ့ပါတယ်။
၁၉၈၁ ခုနှစ်ကစလို့ Terry Fox Run အပြေးပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာ နိုင်ငံပေါင်း ၆၀ ကျော်က လူသန်းချီ ပါဝင်တဲ့ ပြိုင်ပွဲကြီး ဖြစ်လာခဲ့ပါတယ်။ အဲဒီပြိုင်ပွဲဟာ ကင်ဆာသုတေသနအတွက် တစ်ရက်တည်းနဲ့ ရန်ပုံငွေအများဆုံးရှာဖွေပေးနိုင်တဲ့ပွဲတစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ရရှိခဲ့တဲ့ ရန်ပုံငွေစုစုပေါင်း ကနေဒါဒေါ်လာ သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၆၀၇.၅၂ သန်း) ရှိခဲ့ပါတယ်။
Nz (ရိုးရာလေး)