ချီကာဂိုမြို့မှာ နှစ် ၃၀ အတွင်း ဆူပူအုံကြွမှုကြောင့် လူအများဆုံး သေဆုံးတဲ့နေ့ ကြုံတွေ့

10-6-2020-yyl-005.jpg

ချီကာဂိုမြို့ဟာ နှစ် ၃၀ ကာလအတွင်း ဆူပူအုံကြွမှုကြောင့် တစ်ရက်တာ လူသေဆုံးမှု အများဆုံးဖြစ်ပွားတဲ့‌နေ့ ကြုံတွေ့ခဲ့ပါတယ်။ မေလ ၃၀ ရက်ကနေ ၃၁ ရက်ကြားကာလအတွင်း ချီကာဂိုမြို့မှာ ဆူပူအုံကြွမှုတွေကြောင့် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ မင်နီယာပိုလစ်မြို့မှာ ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့တဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြရာကနေ ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး အဓိကရုဏ်း ဖြစ်ရပ်တွေ၊ လုယက်ဖောက်ထွင်းမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

မေလနောက်ဆုံးပတ်ရဲ့ အားလပ်ရက် ၃ ရက်အတွင်း ပစ်ခတ်ခံရသူ ၈၅ ယောက်ရှိခဲ့ပြီး လူ၂၄ ယောက် သေဆုံးခဲ့တယ်လို့ ချီကာဂိုတက္ကသိုလ်ရဲ့ မှုခင်းဓာတ်ခွဲခန်း ကိန်းဂဏန်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူအများစုက လူမည်းတွေဖြစ်ပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူတွေထဲမှာ ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ၊ သက်လတ်ပိုင်း အလုပ်သမားတွေ ပါဝင်ပါတယ်။ ချီကာဂိုမြို့သမိုင်းတစ်လျှောက် ဒုတိယမြောက် လူသေဆုံးမှုအများဆုံးနေ့ကတော့ ၁၉၉၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ဖြစ်ပြီး လူ ၁၃ ယောက် အသတ်ခံခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top