ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေကို သရုပ်ဖော်ပုံရေးဆွဲပြီး ဂုဏ်ပြုခဲ့တဲ့ အီရန်လူမျိုးပန်းချီပညာရှင်

2-4-2020-yyl-001.jpg

၂၀၂၀ ပြည့်နှစ်မှာ COVID-19 ကပ်ရောဂါဖြစ်မယ်လို့ ဘယ်လိုမှထင်မှတ်ထားမှာ မဟုတ်ပါဘူး။ COVID-19 မကူးစက်ခံရအောင် မိမိကစကာကွယ်ရမှာဖြစ်တဲ့အတွက် အိမ်မှာ နေတာအကောင်းဆုံးဖြစ်ပါတယ်။ အိမ်မှာနေဖို့လည်း လူတွေကို အစိုးရကရော မီဒီယာတွေအားလုံးကပါ တိုက်တွန်းလို့နေပါတယ်။

COVID-19 ထိန်းချုပ်တားဆီးတဲ့အနေနဲ့ လူစုလူဝေးဖြစ်မယ့်နေရာတွေအားလုံးကို ပိတ်သိမ်းထားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့တစ်ဝှမ်းက ဆေးရုံတွေမှာလည်း COVID-19 ကြောင့် ရောက်လာတဲ့လူတွေနဲ့ ပြည့်နေပါတယ်။ ၂၁ ရာစုမှာ ဒီကပ်ရောဂါကြီးကြောင့် အရာအားလုံး ရပ်တန့်သွားခဲ့ပါပြီ။ ဒီလိုအခြေအနေတွေကြားမှာ အိမ်မှာမနေရဘဲ ရှေ့တန်းကနေပြီး တိုက်ပွဲဝင်နေတဲ့သူတွေရှိပါတယ်။ ကိုယ်တွေမလုပ်နဲ့အရာကို လုပ်နေကြတဲ့အတွက် အဲဒီလူတွေကို ဂုဏ်ယူသင့်ပြီး အလေးပြုသင့်ပါတယ်။

(၃၉) နှစ်အရွယ် အီရန်လူမျိုးပန်းချီပညာရှင်တစ်ယောက်ဖြစ်တဲ့ အယ်လီရီဇာ ပက်ဒယ်ကတော့ အခုလိုအကျပ်အတည်းဖြစ်နေချိန်မှာ ရှေ့တန်းထွက်တိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေကို ဂုဏ်ပြုပေးနေပါတယ်။ သူက ကမ္ဘာကြီးမှာ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို ထင်ဟပ်နေတဲ့၊ ကူးစက်ရောဂါကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ ပြသနေတဲ့ သရုပ်ဖော်ပုံတွေကို ဖန်တီးထားပါတယ်။

အယ်လီရီဇာက ကျွန်တော်တို့လိုလူသားတွေကို ဂရုစိုက်စောင့်ရှောက်ဖို့အတွက် ကိုယ့်ကိုယ်ကို အနစ်နာခံပေးနေတဲ့သူတွေ (ဆရာဝန်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သူနာပြုတွေ)ရဲ့ ကြမ်းတမ်းမှုကို သရုပ်ဖော်ထားပါတယ်။ သူ ရေးဆွဲထားတဲ့သရုပ်ဖော်ပုံက ဇာတ်ကောင်တွေက ကျွန်တော်တို့ လေးစားဂုဏ်ယူရမယ့်သူတွေပါပဲ။

အယ်လီရီဇာက စည်းလုံးညီညွတ်မှု၊ စာနာတတ်မှု၊ ကာကွယ်မှုတို့ရဲ့ စွမ်းအားတွေကိုလည်း မီးမှောင်ထိုးပြထားပါတယ်။ သူ့ရဲ့ဇာတ်ကောင်တွေက အခုခေတ်ကမ္ဘာကို ထင်ဟပ်ပြနေတဲ့ အခြေအနေတွေအားလုံးကို ထုတ်ပြနေပါတယ်။ ကုသဆေးရဖို့အတွက် စောင့်ဆိုင်းနေတဲ့ ဆရာဝန်အဖွဲ့၊ လူနာရဲ့လက်ကနေ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ ဆရာဝန်နဲ့သူနာပြုတွေ၊ ဗိုင်းရပ်စ်ကနေ လူနာအုပ်လိုက်ကြီးကို အနစ်နာခံပြီး ကာကွယ်နေတဲ့ ဆရာဝန်တွေအစရှိသဖြင့်ပါပဲ။

ပန်းချီပညာရှင် အယ်လီရီဇာကတော့ သရုပ်ဖော်ပုံတွေကို သေချာလေးရေးဆွဲပြီး ဆရာဝန်တွေကို ဂုဏ်ပြုထားတာပါပဲ။ သူဆွဲထားတဲ့ပုံတွေကို ကြည့်လိုက်ရင် အဲဒါတွေက သက်သေပြလို့နေမှာဖြစ်ပါတယ်။

Ref: Iranian Artist Honors Doctors Fighting Coronavirus Through His Illustrations

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top