၅ ရက်အတွင်း ဒေါ်လာ ၁၆ ဘီလျံ ဆုံးရှုံးခဲ့သူ

14-11-2022yyl02.jpg

တနင်္လာနေ့ နံနက်အထိ ဘီလျံနာတစ်ယောက်အဖြစ် ရှိခဲ့တဲ့ ဆမ်ဘန့်မန်းဖရိုင်းဟာ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၆ ဘီလျံ ဆုံးရှုံးခဲ့ရပြီး သာမန်လူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ Bloomberg မီဒီယာကတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးမားဆုံး စည်းစိမ်ဥစ္စာ ဆုံးရှုံးပျက်စီးမှုတစ်ခုလို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။

ဆမ်ဟာ ပြီးခဲ့တဲ့နွေဦးကာလမှာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၆ ဘီလျံအထိ ချမ်းသာကြွယ်ဝခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ FTX ခရစ်တိုငွေကြေး ရောင်းဝယ်ရေးကုမ္ပဏီ ပြိုလဲသွားခဲ့ပြီးနောက် ဒီဂျစ်တယ်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဆမ်ရဲ့ ချမ်းသာကြွယ်ဝမှုတွေလည်း ပျောက်ပျက်သွားခဲ့တာပါ။ အသက် ၃၀ ပဲ ရှိသေးတဲ့ ဆမ်ဟာ FTX ခရစ်တိုငွေကြေး ရောင်းဝယ်ရေးကုမ္ပဏီ အမှုဆောင်ချုပ်ရာထူးကနေလည်း နုတ်ထွက်သွားခဲ့ပါပြီ။

Ref:In less than a week, Sam Bankman-Fried’s $16 billion fortune evaporated

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top