အီရတ်နိုင်ငံမှာ မင်္ဂလာပွဲဆင်နွှဲနေတုန်း မီးလောင်လို့ အနည်းဆုံး လူ ၁၀၀ သေဆုံး

27.9.23-yyl-၄.jpg

အီရတ်နိုင်ငံက မင်္ဂလာပွဲ အခမ်းအနားမှာ မီးလောင်လို့ အနည်းဆုံး လူ ၁၀၀ သေဆုံးပြီး လူ ၁၅၀ ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ ညပိုင်းက အီရတ်နိုင်ငံမြောက်ပိုင်း အယ်ဒါနီယာမြို့မှာ မင်္ဂလာပွဲ ဆင်နွှဲနေတုန်း မီးလောင်ခဲ့တာပါ။ မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ အစောပိုင်းသတင်းတွေအရ မီးရှူးမီးပန်း ပစ်ဖောက်ရာကနေ မင်္ဂလာခန်းမကို မီးစွဲခဲ့တာလို့ ဆိုပါတယ်။

မီးလောင်လွယ်စေတဲ့ ပစ္စည်းတွေ အသုံးပြုထားလို့ မိနစ်ပိုင်းအတွင်း မျက်နှာကျက်တွေ မီးစွဲလောင်ကာ အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တာပါ။ မီးလောင်မှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ သတို့သားနဲ့ သတို့သမီး မပါဘူးလို့ အစောပိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးလုံး လောင်ကျွမ်းဒဏ်ရာတွေကြောင့် ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

Ref: Iraq fire: At least 100 killed in blaze at wedding party in Nineveh

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top