ကော်ဖီပုံမှန်သောက်သုံးခြင်းကြောင့် ရရှိမယ့် ကောင်းကျိုး

20170620_large_coffee.jpg

ဆေးပညာဂျာနယ်တစ်ခုဖြစ်တဲ့ Circulation မှာ ပုံနှိပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်အရ တစ်နေ့မှာ ကော်ဖီ ၅ ခွက်အောက်ပုံမှန်သောက်သုံးသူများဟာ  ငယ်ငယ်ရွယ်နဲ့ သေဆုံးခြင်းအန္တရာယ်ကို ကာကွယ်နိုင်တယ် လို့ ဖော်ပြခဲ့ပါတယ်။

လေ့လာသူတွေရဲ့ နှစ်ပေါင်း ၃၀ ကြာ လေ့လာချက်အရ  တစ်နေ့ကို ကော်ဖီ ပုံမှန်သောက်သုံးသူတွေဟာ နှလုံးရောဂါ၊ဆီးချိုရောဂါ၊ဦးနှောက်ချို့ယွင်းခြင်းရောဂါများနဲ့  မိမိကိုယ်ကို မိမိ အဆုံးစီရင်ခြင်း
စတဲ့အချက်တွေ လျော့ကျပြီး အသက်ရှည်စွာ နေနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် ကော်ဖီသောက်ပုံမှန်သောက်ခြင်းက အသက်ရှည်စေရန်အတွက် အဓိက လိုအပ်ချက်တစ်ခုတော့မဟုတ်ပါဘူး။ ဒီလေ့လာချက်ဟာ  ကော်ဖီပုံမှန်သောက်သုံးသူများနဲ့ အသက်ငယ်ရွယ်စဉ်မှာ သေဆုံးနိုင်ခြင်းရဲ့ ဆက်နွယ်မှုကိုသာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး
ကော်ဖီသောက်သုံးခြင်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်တယ်ဆိုတဲ့အပေါ်မှာတော့ တိုက်ရိုက် သက်ရောက်မှုရှိတယ်ဆိုတဲ့ အချက်ကို သက်သေမပြနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

လေ့လာသူတွေဟာ မိန်းမ၊ယောင်္ကျား ပေါင်း ၂၈၅၀၀ ကျော်ပါဝင်တဲ့ လူများကို လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း ကော်ဖီသောက်သုံးခြင်းအကျင့်နဲ့  ပမာဏကို မေးမြန်းခဲ့ကြပြီး နောက်ဆုံးသုံးသပ်ချက်အရ ကော်ဖီသောက်သုံးသူများဟာ ဆေးလိပ်လုံး၀ မသောက်သုံးသူများထက်ပင် သေဆုံးနိုင်ခြေနည်းပါးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လေ့လာသူများကတော့ စမ်းသပ်ခံသူများရဲ့ ကော်ဖီဘယ်လောက်သောက်သုံးကြောင်း ပြောဆိုချက်များဟာ စိတ်မချရဘူးလို့ ဝန်ခံခဲ့ပြီး ယခုလေ့လာချက်ကို အခြေခံကာ နောက်ထပ်သုတေသန များစွာ ပြုလုပ်ပြီးထပ်မံလေ့လာသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ ကဖိန်းဓာတ် (ကော်ဖီစေ့များ၌ ပါရှိ သော ကိုယ်ခန္ဓာကို နိုးကြွစေသည့် ဓာတ်) ပါဝင်သော ကော်ဖီများကို သောက်သုံးသူများနဲ့ ကဖိန်းဓာတ်မပါသောကော်ဖီများကို သောက်သုံးသူ  နှစ်မျိုးစလုံးဟာ ငယ်ရွယ်စဉ် သေဆုံးနိုင်ခြေနည်းပါးနေတာကို တွေ့ရှိခဲ့ပါတယ်။ဒါ့ကြောင့် ကဖိန်းဓာတ်အပြင် ကော်ဖီမှာ ပါဝင်တဲ့ တခြားသော ပါဝင်ပစ္စည်းတွေက ကျန်းမာရေးကို အကျိုးပြုနိုင်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆလာခဲ့ကြပါတယ်။ ဒီယူဆချက်တွေဟာ ၁၉၇၀ နဲ့ ၁၉၈၀ တစ်ဝိုက်လေ့လာခဲ့တဲ့အချက်တွေဖြစ်ပြီး ကော်ဖီသောက်သုံးတာဟာ ကင်ဆာရောဂါ ဖြစ်ပွားခြင်းနဲ့ နှလုံးရောဂါများကို ဖြစ်ပွားစေနိုင်တယ် လို့ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီလေ့လာချက်တွေမှာတော့ ကော်ဖီသောက်သုံးသူအများစုရဲ့ ဆေးလိပ်ပိုသောက်သုံးတတ်တာတွေ၊အရက်သောက်တာနဲ့ တခြားကင်ဆာရောဂါနဲ့ နှလုံးရောဂါ ကို ဖြစ်စေနိုင်တဲ့ နေထိုင်မှုပုံစံကို ပြုလုပ်တတ်ကြသလားဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးတွေ့ရှိချက်တွေဟာ ယခင်လေ့လာမှုတွေရဲ့ ဆန့်ကျင့်ဘက်ရလဒ်ကို ဖော်ပြနေပြီး ကော်ဖီသောက်သုံးသူများဟာ အသက်ပိုမိုရှည်ကြောင်းကိုဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် လေ့လာသူတွေကတော့  အလွန်အကျွံ မသောက်သုံးဖို့ကိုတော့ သတိပေးခဲ့ပြီး လတ်တလော လေ့လာချက်များအရ ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လူနေမှုပုံစံ တစ်ရပ်အဖြစ်ပါဝင်လာနိုင်ပါတယ် လို့လည်းပြောဆိုခဲ့ပါတယ်။

Ref ; (Times) News ; How Coffee Can Help You Live Longer

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top