ထမင်းစားချိန်အတွင်း ရေသောက်တာက ကျန်းမာရေးအတွက်ကောင်းလား

25-2-2021-yyl53.jpg

ကျွန်တော်တို့တစ်နေ့တာမှာ လုပ်ဆောင်တဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက်ကွဲပြားကြပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်ကြတဲ့သူတွေရှိသလို သူတို့ရဲ့တစ်နေ့တာအလေ့အထတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။ အမျိုးမျိုးသောပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ကို ကူညီပေးနိုင်တဲ့အလေ့အထတစ်ခုကတော့ တစ်နေ့တာလုံး ရေသောက်ခြင်းဖြင့် ရေဓာတ်ပြည့်ဝစွာနေတာပါပဲ။ တချို့လူတွေက ထမင်းစားနေစဉ်အတွင်းမှာလည်း ရေသောက်ကြပါတယ်။ တချို့ကတော့ ထမင်းစားပြီးပြီးချင်း ရေတစ်ခွက်သောက်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်တာက အကောင်းဆုံးလဲဆိုတာကို လူတိုင်းလိုလို ဇဝေဇဝါဖြစ်ကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ကြားဖူးတာကတော့ ထမင်းစားနေတုန်း ရေမသောက်ရဘူး၊ ထမင်းစားပြီးပြီးချင်း ရေမသောက်ရဘူးဆိုတဲ့ (၂) ခုလုံးပါပဲ။

အိန္ဒိယနိုင်ငံက ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေပြောတာကတော့ ထမင်းမစားခင် ရေသောက်တာက အားနည်းတာနဲ့ ပိန်ချုံးချည့်နဲ့တာတွေဖြစ်လာနိုင်ပါတယ်တဲ့။ တချို့လူတွေက ထမင်းမစားခင် ရေတစ်ခွက်သောက်ရတာကို ကြိုက်ကြပါတယ်။ ဒါမှ ကျွန်တော်တို့ ထမင်းစားတဲ့အခါ ကယ်လိုရီပမာဏနည်းနည်းကို စားသုံးမိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက ထမင်းမစားခင် ရေသောက်တာက အားနည်းတာနဲ့ ပိန်ချုံးချည့်နဲ့တာတွေဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောဆိုထားပါတယ်။

ထမင်းစားပြီးပြီးချင် ရေသောက်တာကိုတော့ အဝလွန်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ကျွန်တော်တို့အများစုက ထမင်းစားပြီးပြီးချင်း ရေတစ်ခွက်သောက်ကြပါတယ်။ ဒါက ကျွန်တော်တို့ကို ထမင်းစားပြီးတယ်ဆိုတဲ့ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ထမင်းစားနေစဉ်အတွင်း ရေသောက်တာကိုတော့ ကောင်းတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်ပညာရှင်တွေအရ ထမင်းစားနေစဉ်အတွက် တစ်ငုံချင်းသောက်တာက အကောင်းဆုံးလို့ သိရပါတယ်။ ဒီလိုလုပ်တာက အစာကို ချေဖျက်နိုင်အောင်ကူညီပေးပြီး အစာခြေစနစ်ကို ထောက်ပံ့ကူညီပေးတယ်လို့ ဆိုပါတယ်။

ဇီဝဖြစ်စဉ်နဲ့အစာခြေစနစ်အားပိုကောင်းစေဖို့အတွက် ထမင်းစားစဉ်အတွင်း ရေနွေးကို သောက်ဖို့တော့ အကြံပြုထားပါတယ်။ ထမင်းစားစဉ်အတွင်း သောက်တဲ့ရေထဲမှာ ချင်း (ဂျင်း) မှုန့်၊ စမုန်စပါးထည့်သောက်လို့ရပါတယ်။

Ref: Is it okay to drink water with meals? Here is what Ayurveda recommends
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top