ငှက်ပျောခွံရဲ့ အသုံးဝင် အကျိုးကျေးဇူးများ

banana-peel-on-the-wooden-table-PMKWDGN.jpg

ကျွန်တော်တို့အားလုံး ငှက်ပျောသီး စားဖူးကြပါတယ်။ ဒါပေမဲ့ ငှက်ပျောသီး အခွံနွှာစားပြီး အခွံကိုတော့ လွှတ်ပစ်ကြစမြဲပါ။ ကျွန်တော်တို့ စားပြီး လွှတ်ပစ်နေတဲ့ ငှက်ပျောသီးအခွံက ကျွန်တော်တို့အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပေးစွမ်းနိင်ပါတယ်။ ဒီတစ်ခါတော့ ရိုးရာလေး စာဖတ်ပရိသတ်ကြီးအတွက် ငှက်ပျောခွံရဲ့ အကျိုးကျေးဇူးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောခွံမှာ ကပ်နေတဲ့ အမျှင်တွေကို စားသုံးပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အူကို သဘာဝအတိုင်း သန့်ရှင်းစေတာကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ တကယ်လို့ သင်က ခေါင်းမူး၊ ခေါင်းကိုက်နေတယ်ဆိုရင်တော့ နဖူးပေါ်ကို ငှက်ပျောခွံ ၁၅မိနစ်လောက် မလှုပ်ဘဲ ငြိမ်နေအောင် တင်ထားပေးပါ။ ငှက်ပျောခွံရှိ ပိုတက်ဆီယမ်ဓာတ်ကို အရေပြားကစုတ်ယူပြီး မိနစ်အနည်းငယ် တစ်ခဏအတွင်း ခေါင်းကိုက်ခြင်း ပျောက်ကင်းစေနိုင်ပါတယ်။

ငှက်ပျောခွံအတွင်းသား အမျှင်တွေမှာ မျက်လုံးအားကောင်းစေတဲ့ Beta-Carotene နဲ့ ဗီတာမင် A ဓာတ်တွေ ပါဝင်တဲ့အတွက် နေ့စဉ်နေ့တိုင်း ပမာဏအနည်းငယ် စားသုံးပေးမယ်ဆိုရင် မျက်ကြည်လွှာနဲ့ မျက်လုံးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ငှက်ပျောခွံ အတွင်းသားတွေမှာ ပိုတက်ဆီယမ်ဓာတ်စဉ်များစွာလည်း ပါဝင်တဲ့အတွက် သွေးကြောတွေကို သန့်ရှင်းစေပြီး သွေးကြောထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင့် နှလုံးသွေးကြောနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ နှလုံးရောဂါ (ဒါမှမဟုတ်) ကိုလက်စထရော ပမာဏ များနေတယ်ဆိုရင် နေ့စဉ် ငှက်ပျောသီးကို အခွံမှာပါတဲ့ အမျှင်တွေပါ မချန် စားသုံးပေးသင့်ပါတယ်။

ငှက်ပျောခွံကို အသားအရေ ထိန်းသိမ်းရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ သင့်ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ၊ အနီ အစက်အစက်တွေ ထွက်ပြီး ယားယံနေတယ်ဆိုရင် ငှက်ပျောခွံရဲ့ အတွင်းသားနဲ့ ယားယံတဲ့ နေရာ တစ်ဝိုက်ကို ပွတ်တိုက်ပေးပါ။ တစ်နေ့ (၂)ကြိမ် အနဲဆုံး ပွတ်တိုက်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ပျောက်ကင်းသွားပါလိမ့်မယ်။

ဒါ့အပြင် ငှက်ပျောခွံကို ဝက်ခြံတွေ ကုသရာမှာလည်း အသုံးဝင်ပါသေးတယ်။ ဝက်ခြံရှိတဲ့နေရာကို သန့်စင်ဆေးကြောပြီး ငှက်ပျောခွံနဲ့ အိပ်ယာမဝင်မီ နေ့စဉ် ပွတ်တိုက်ပေးပါ။ အချိန်တိုအတွင်း သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

အခုလောက်ဆိုရင်တော့ ရိုးရာလေး စာဖတ်ပရိသတ်ကြီးလည်း ငှက်ပျောခွံရဲ့ အကျိုးကျေးဇူးကိုသိရှိလောက်ပြီဖြစ်လို့ အရင်လို လွှတ်မပစ်တော့ဘဲ အကျိုးရှိရှိ အသုံးပြုတော့နော်။

Ref: ” Benefits of banana peel”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top