COVID-19 ကပ်ရောဂါကြောင့် ၂၀၂၁ခုနှစ် အော်စကာဆုပေးပွဲကို (၂) လနောက်ဆုတ်

16-6-2020-yyl-016.jpg

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းတွေဘက်မှာရော၊ အနုပညာနယ်ပယ်ဘက်မှာပါ နဂိုစီစဉ်ထားတဲ့ အစီအစဉ်တွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ၂၀၁၉ခုနှစ် အကယ်ဒမီဆုပေးပွဲကိုလည်း COVID-19 ကြောင့် သတ်မှတ်ထားတဲ့ရက်မှာ မကျင်းပရဘဲ ရွေ့ဆိုင်းထားရသလိုပဲ နိုင်ငံတကာဆုပေးပွဲ တော်တော်များများကိုလည်း ရပ်ဆိုင်းထားရပါတယ်။ အခုလည်း ၂၀၂၁ခုနှစ် အော်စကာဆုပေးပွဲကို သတ်မှတ်ထားတဲ့ရက်မှာ မကျင်းပရတော့ဘဲ တရားဝင်ရွေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ Academy of Motion Picture Arts and Sciences ဘုတ်အဖွဲ့ဝင်တွေက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအတွင်း မကြာခင်လာတော့မယ့် ဆုပေးပွဲနဲ့ပတ်သက်ပြီး တနင်္လာနေ့က ဆွေးနွေးခဲ့ကြပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နေ့မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲကို ၂၀၂၁ခုနှစ် ဧပြီလ ၂၅ ရက်နေ့ထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပေးအပ်မယ့် ဆုတွေမှာ ဆန်ကာတင်စာရင်းဝင်တဲ့ သူတွေကိုတော့ ၂၀၂၁ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ သေဆုံးသူတွေ ရှိနေသေးတဲ့အတွက် နိုင်ငံတစ်ဝှမ်းက ပြဇာတ်ရုံတွေ၊ အခမ်းအနားကျင်းပရာနေရာတွေကို ပိတ်ထားရပြီး ရုပ်ရှင်ဇာတ်ကား ထွက်ရှိမယ့်ရက်တွေကိုလည်း ပြန်ပြီးအစီအစဉ်ဆွဲထားရပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာလည်း ရုပ်ရှင်ပွဲတော်တွေကို ရွေ့ထားပြီး ထုတ်လုပ်ရေးတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။ အကယ်ဒမီရွေးချယ်ရေးမှာ အစက ၂၀၂ဝပြည့်နှစ် ဒီဇင်ဘာလအထိ ပြသခဲ့တဲ့ဇာတ်ကားတွေ ပါဝင်မှာဖြစ်ပေမယ့် အခုတော့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအထိပြသမယ့် ဇာတ်ကားတွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ အရင်တုန်းကလည်း အော်စကာဆုပေးပွဲရက်ကို ပြောင်းလဲခဲ့ဖူးတာကြောင့် အခုတစ်ကြိမ်ဟာ (၄) ကြိမ်မြောက်ဖြစ်ပါတယ်။

ဒါပေမဲ့ အခုဆိုရင် Hollywood ကိုတော့ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။ ဒီသတင်းက Academy of Motion Picture Arts and Sciencesဟာ ဘုတ်အဖွဲ့အတွက် နောက်တိုးဖြည့်စွက်ချက် (၆) ချက်ကို ကြေညာခဲ့ပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ AMPAS က နောက်ထပ်အဆင့်အနေနဲ့ ပြောင်းလဲမှုလုပ်ထားပါတယ်။ ၂၀၂၁ခုနှစ် အော်စကာဆုပေးပွဲကစပြီး နှစ်တိုင်းအကောင်းဆုံးဓာတ်ပုံဆု အမျိုးအစားဆန်ကာတင်စာရင်းမှာ (၁၀) ဦးသာ သတ်မှတ်ပေးထားမယ်လို့ သိရပါတယ်။

Ref: ABCNews “Oscars 2021 officially postponed 2 months due to COVID-19 pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top