အလုပ်ခွင်မှာ ရေလုံလောက်အောင်သောက်ဖို့ ဘာကြောင့်အရေးကြီးသလဲ

MADE-BLUE-Office-fotos-Anne-Harteman-To-be-told.8.jpg

ကျွန်တော်တို့အတွက် ရေကို လုံလောက်စွာသောက်ခြင်းဆိုတာက အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်သောက်ရမယ် ဆိုတဲ့အချက်က အခုဆိုရင် ဘာမှမဟုတ်တော့ပါဘူး။ လူသားတွေရဲ့ ခန္ဓာကိုယ်က တစ်နေ့ကို ရေ (၈) ခွက်ထက် ပိုပြီးလိုအပ်တဲ့အတွက်ကြောင့်ပါပဲ။ ရေကို လုံလုံလောက်လောက် သောက်ပေးသင့်တယ်ဆိုတာကို အမြဲတမ်း စိတ်ထဲ စွဲမြဲနေအောင် မှတ်ထားသင့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အလုပ်လုပ် နေတဲ့သူတွေ အလုပ်ခွင်ထဲမှာ ရေပမာဏ ဘယ်လောက် သောက်ပေးသင့်သလဲဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ရေဓာတ် ဘယ်လောက် လိုအပ်သလဲလို့ ကိုယ့်ဘာသာသိပါ

ယောကျာ်းဖြစ်တာ၊ မိန်းမဖြစ်တာဆိုတဲ့အချက်တွေက ခန္ဓာကိုယ်ရဲ့ ရေလိုအပ်မှုပမာဏမှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ရေပိုသောက်ပေးဖို့ လိုအပ်ပါတယ်။ ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် ပိုသန်မာပြီး ကိုယ်အလေးချိန်လည်း ပိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ရေလိုအပ်မှုကိုသိဖို့အတွက် လိုက်နာရမယ့်အချက်

လူတစ်ဦးရဲ့ တစ်နေ့တာ ရေလိုအပ်မှုကို တွက်ချက်ဖို့ဆိုရင် ယေဘုယျ စည်းမျဉ်း တစ်ခုအနေနဲ့ ဒီနည်းလေးကို လိုက်နာရပါလိမ့်မယ်။ ကိုယ်အလေးချိန်အလိုက် ပြောင်းလဲပြီး ရေကို သောက်သုံးပေးရပါတယ်။ သင့် ကိုယ်အလေးချိန်က (၆၀) ကီလိုဆိုရင် တစ်နေ့ကို ရေ (၄) လီတာ သောက်ပေးရမှာပါ။

ရေသောက်သုံးဖို့အတွက် အသင့်တော်ဆုံးအချိန်

ရေအရမ်းဆာနေတဲ့အခါမှာတော့ ရေသောက်ရမယ့်အချိန် အတိအကျဆိုတာ အရမ်းကိစ္စမရှိတော့ပါဘူး။ ဒါပေမဲ့ မနက်ခင်းပိုင်းကို ရေပိုသောက်ပေးသင့်ပြီး နေ့ခင်းပိုင်းနဲ့ ညပိုင်းကို ရေနည်းသောက်တာက အကောင်းဆုံး ဖြစ်မှာပါ။ အဲဒီလို သောက်ပေးခြင်းက ခဏခဏ အိပ်ရာကထပြီး ဆီးသွားရတဲ့ဒုက္ခနဲ့ ကင်းဝေးစေပါလိမ့်မယ်။

အလုပ်ခွင်မှာ ရေဘယ်လောက်သောက်ပေးသင့်သလဲ

တစ်နေ့ကို ရေ (၄) လီတာ သောက်မယ်ဆိုရင် မနက်ပိုင်းမှာ (၂.၅) လီတာနဲ့ နေ့ခင်းပိုင်းကို (၁.၅) လီတာ သောက်သင့်ပါတယ်။ အလုပ်ခွင်ထဲမှာဆိုရင် (၂) လီတာကနေ (၂.၅) လီတာအထိ သောက်သုံးပေးသင့်ပါတယ်။

ရေလုံလောက်အောင်သောက်ဖို့က ဘာကြောင့် အရေးတကြီး လိုအပ်တာလဲ

အလုပ်ခွင်မှာက အဲကွန်းခန်းထဲ တစ်နေကုန် နေရတာမျိုးဆို ရေဆာသလို မခံစားရတော့ဘဲ ရေတစ်ငုံလောက် သောက်ဖြစ်ဖို့တောင် ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ရေလုံလုံလောက်သောက်တာကို အရေးတကြီးကို လုပ်ပေးရမှာပါ။ အလုပ် လုပ်ဆောင်နိုင်မှုဘက်က ကြည့်မယ်ဆိုရင် ရေဓာတ် လုံလောက်နေမှ ဦးနှောက်က ကောင်းကောင်းအလုပ် လုပ်နိုင်ပြီး လုပ်ဆောင်နိုင်စွမ်းရည်ကို တိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မောပန်းနွမ်းနယ်မှုကို လျှော့ချ ပေးနိုင်သလို ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

Ref: TOI “You Must Drink THESE Many Liters Of Water At Your Office”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top