အဲဖရက်နိုဘယ်ရဲ့သံဝေဂနဲ့ နိုဘယ်ဆု

1-6-2022-yyl04.jpg

၁၉ ရာစုရဲ့ တစ်ခုသောနံနက်ခင်းမှာ အမျိုးသားတစ်ယောက် သတင်းစာဖတ်ရင်း အံ့သြမှင်သက်နေတယ်။ နာရေးကြော်ငြာမှာ သူ့နာမည်ကို တွေ့လိုက်ရလို့ပါပဲ။ သတင်းစာက သေသူ အမည်ကို လွဲမှားဖော်ပြမိတာဖြစ်ပေမဲ့ သူကတော့ နာရေးသတင်းခေါင်းစဉ်တွေကို ဖတ်ပြီး တော်တော်သံဝေဂ ရသွားတယ်။

” ဒိုင်းနမိုက်ဘုရင်ကြီး ကွယ်လွန်ပြီ”၊ ” မရဏပွဲစား ကွယ်လွန်ပြီ”ဆိုတဲ့ စကားလုံးတွေကို မြင်လိုက်ရလို့ပါပဲ။ သူကတော့ ဒိုင်းနမိုက်ကို တီထွင်ခဲ့တဲ့ အဲဖရက်နိုဘယ်ပါပဲ။ သူ့အစ်ကို လုဗစ် သေသွားချိန်မှာ ပြင်သစ်သတင်းစာက သတင်းမှားရပြီး အဲဖရက်နိုဘယ် သေပြီလို့ မှားယွင်းဖော်ပြခဲ့တာပါ။

မရဏပွဲစားဆိုတဲ့စကားလုံးက သူ့ကို တွေဝေသွားစေခဲ့တယ်။ လူတွေက ငါ့ကို ဒီလိုမျိုး မှတ်မိနေကြမှာလားလို့ သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်တယ်။ အဲဒီကစပြီး အဲဖရက်နိုဘယ်က သူ့အပေါ် လူတွေရဲ့အမြင်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တယ်။

သူ့ရဲ့သေတမ်းစာမှာ သူပိုင်ဆိုင်သမျှအားလုံးကို နိုဘယ်ဆု ပေးအပ်ချီးမြှင့်ဖို့ ချန်ရစ်ခဲ့တယ်။ ၁၉၀၁ ခုနှစ်ကစပြီး ငြိမ်းချမ်းရေး၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေ ကဏ္ဍတွေအတွက် နိုဘယ်ဆု ချီးမြှင့်ခဲ့တာပါ။ နိုဘယ်ဆုဆိုတာ ကမ္ဘာပေါ်က ဆုတွေထဲမှာ အကြီးကျယ်ဆုံးပါပဲ။ အခုတော့ သူ့နာမည်ကို နိုဘယ်ဆုနဲ့ တွဲပြီး မှတ်မိနေကြပါပြီ။

သင်ရော . . . သင့်ပုံရိပ်ကို ဘယ်လိုချန်ခဲ့ချင်ပါသလဲ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top