အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးဖြစ်ခဲ့တဲ့ BTS

1-6-2022-yyl01.jpg

မေလ ၃၁ ရက်နေ့မှာ ကိုရီးယားအဆိုအဖွဲ့ BTS က AANHPI (Asian American and Native Hawaiian/Pacific Islander) Heritage Month ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သမ္မတနဲ့သီးသန့်တွေ့ဆုံမှုမတိုင်ခင် BTS က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့ပြီး အာရှသားမုန်းတီးရေးနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ ကူညီပေးချင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့ညနေပိုင်းမှာ သမ္မတဘိုင်ဒင်က သူ့ရဲ့တရားဝင် POTUS တွစ်တာအကောင့်မှာ BTSနဲ့ အဓိပ္ပာယ်ရှိတဲ့တွေ့ဆုံမှုအကြောင်း ဗီဒီယိုအတိုလေး တင်ခဲ့ပါတယ်။ “BTS နဲ့ တွေ့ရတာ အရမ်းကောင်းပါတယ်။ အာရှသားမုန်းတီးရေးအခြေခံရာဇဝတ်မှုတွေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေများလာတာနဲ့ပတ်သက်ပီး အသိပညာပေးဖို့ မင်းတို့ လုပ်ဆောင်နေတာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ကျွန်တော်တို့ရဲ့ စကားဝိုင်းကို နောက်ထပ်မျှဝေဖို့ မျှော်လင့်နေပါတယ်”လို့လည်း ရေးသားခဲ့ပါတယ်။

အသစ်တင်ထားတဲ့ ဗီဒီယိုမှာ သမ္မတဘိုင်ဒင်က BTS အဖွဲ့ဝင်တွေကို “မင်းတို့ပြောတာကို လူတွေက အရမ်းဂရုစိုက်ကြပြီး မင်းလုပ်နေတဲ့အရာက လူအားလုံးအတွက် ကောင်းပါတယ်။ ဒါဟာ မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေတင် မဟုတ်ဘဲ မင်းတို့ပြောပြပေးနေတဲ့ သတင်းစကားတစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

BTS ကလည်း တွစ်တာအကောင့်မှာ သမ္မတဘိုင်နဲ့အတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ “ ကျွန်တော်တို့ကို အိမ်ဖြူတော်ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ POTUS နဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးရတဲ့အတွက် ကြီးမားတဲ့ဂုဏ်ယူမှုပါ။ အားလုံးဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ [BTS ARMY] ကို အရမ်းကျေးဇူးတင်ပါတယ်”လို့ ရေးသားပြောဆိုခဲ့ပါတယ်။

သမ္မတဘိုင်ဒင်နဲ့ BTS တို့ရဲ့ ဗီဒီယိုကြည့်ရှုရန် – https://bit.ly/3taeeCN

Ref: Soompi “U.S. President Joe Biden has shared a first glimpse of his private meeting at the White House with BTS!”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top