အသက် (၈) နှစ်အရွယ်ကလေးလေးက ၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံး YouTuber ဖြစ်လာ

yyl-033-9.jpg

ယနေ့ခေတ်မှာဆိုရင် လူမှုကွန်ယက်ပေါ်မှာ လူကြီးတွေနဲ့ယှဉ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ငွေအများဆုံးရရှိနေတဲ့ ထူးချွန်တဲ့ကလေးတွေလည်းရှိနေပါတယ်။ သူတို့လေးတွေက YouTube ပေါ်ကနေ ကြည့်ရှုသူတွေ စိတ်အမောတွေပြေပျောက်အောင် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ YouTuber ဖြစ်နေတဲ့ ကလေးတွေထဲမှ အမေရိကန်နိုင်ငံက အသက် (၈) နှစ်အရွယ် ရမ် ကာဂျီ (Ryan Kaji) ဆိုတဲ့ ကောင်လေးက ၂၀၁၉ခုနှစ်မှာ သူ့ရဲ့ YouTube Channel နဲ့ အမေရိကန်ဒေါ်လာ (၂၆) သန်းရရှိအောင် လုပ်နိုင်ခဲ့ပြီး YouTube မှာ ဝင်ငွေအမြင့်ဆုံးသူဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းအရ သိရပါတယ်။

၂၀၁၈ခုနှစ်တုန်းကလည်း ကာချီက အမေရိကန်ဒေါ်လာ (၂၂) သန်းနဲ့ ဝင်ငွေအမြင့်ဆုံးဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ YouTube Channel “Ryan’s World” ကို သူ့မိဘတွေက ၂၀၁၅ခုနှစ်က ဖွင့်ခဲ့ပြီး အဲတုန်းက အသက်(၃) နှစ်အရွယ်သာရှိပါသေးတယ်။ အခုဆို သူ့ရဲ့ YouTube Channel က Subscribe လုပ်သူ (၂၂.၉) သန်းရှိနေပါပြီ။ သူ့ရဲ့ YouTube Channel မှာ ကာဂျီက အရုပ်တွေထည့်ထားတဲ့ဗူးကို ဖွင့်ပြီး အဲဒီအရုပ်တွေနဲ့ကစားရတဲ့”Unboxing” လို့ခေါ်တဲ့ ဗီဒီယိုတွေပါဝင်ပါတယ်။ သူ့ရဲ့ဗီဒီယိုတော်တော်များများက ကြည့်ရှုသူ (၁) ဘီလျံကျော်ရှိပြီး YouTube Channel ကို စပြီးဖန်တီးကတည်းကနေ အခုချိန်ထိဆိုရင် ကြည့်ရှုသူ (၃၅) ဘီလျံရရှိထားပါတယ်။ အခုတော့ ကာဂျီရဲ့YouTube က အရုပ်ဗီဒီယိုအပြင် ပညာရေးဆိုင်ရာဗီဒီယိုတွေလည်း ရှိနေပါပြီ။

Forbes မဂ္ဂဇင်းအရ ရမ် ကာဂျီက တက္ကဆပ်ပြည်နယ်က သူငယ်ချင်းအဖွဲ့လိုက်ဖွင့်ထားတဲ့ “Dude Perfect” Channel ကို ကျော်လွန်ခဲ့တာပါ။ Dude Perfect က အမေရိကန်ဒေါ်လာ သန်း (၂၀) နဲ့ အရင်နှစ်ရဲ့ တတိယနေရာကနေ ဒုတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။ တတိယနေရာကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၈) သန်းနဲ့ ရုရှားနိုင်ငံက အသက် (၅) နှစ်အရွယ် အန်နက်တာဆီးယား ရက်ဇင်စကာရာ (Anastasia Radzinskaya) ဖြစ်ပါတယ်။

မကြာသေးခင်ကမှ စားသုံးသူရေးရာအဖွဲ့အစည်း Truth in Advertising က YouTube ChanneLကို သြဂုတ်လမှာ ကလေး YouTube အသုံးပြုသူတွေဆီက ကိုယ်ရေးဒေတာတွေကို ခွင့်ပြုချက်မရှိဘဲ စုဆောင်းခဲ့တယ်လို့ စွဲချက်တင်ခဲ့ပြီးတဲ့နောက်မှာ YouTubeရဲ့ ကုမ္ပဏီ Google က အမေရိကန်ဒေါ်လာ သန်း (၁၇၀) ဒဏ်ကြေးဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရမ် ကာဂျီရဲ့ Channel နာမည်ကို Ryan’s World ကနေ Ryan ages အဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာ နာမည်ကြီး ကလေး YouTuber အဖြစ် ရပ်တည်နေတဲ့ ဘိုရမ်ဆိုတဲ့ ကလေးမလေးကလည်း တန်ဖိုးကြီးအဆောင်အဦးတွေကို အသက်ငယ်ငယ်လေးနဲ့ ဝယ်ယူခဲ့ဖူးပါတယ်။

Ref: 8-year-old is highest paid YouTuber, earned $35 million in 2019

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top