ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးစုဝေးပွဲမှာ နေရာလွတ်တွေဖြစ်ခဲ့တာ ဆယ်ကျော်သက်တွေ ကြောင့်လို့ ဆို

22-6-2020-yyl-007.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမဆုံး နိုင်ငံရေးစုဝေးပွဲမှာ မျှော်မှန်းထားတာထက် လူပိုနည်းခဲ့တာဟာ လက်မှတ်မှာထားပြီး မလာခဲ့တဲ့ ဆယ်ကျော်သက် လူငယ်တွေကြောင့် ဖြစ်တယ်လို့ လူမှုကွန်ရက်အသုံးပြုတွေက ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးစုဝေးပွဲမှာ နေရာလွတ်တွေဖြစ်အောင်လို့ အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆယ်ကျော်သက်တွေက စုဝေးပွဲတက်ရောက်လိုစိတ်မရှိဘဲ လက်မှတ်တွေ မှာယူခဲ့တယ်လို့ နိုင်ငံရေးသုတေသီ စတိဗ်ရှမစ်က ပြောပါတယ်။

အုတ်ကလာဟိုးမားစင်တာမှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးစုဝေးပွဲမှာ အနည်းဆုံး လူတစ်သန်း တက်ရောက်မယ်လို့ ဒေါ်နယ်ထရမ့်က မျှော်မှန်းခဲ့ပေမဲ့ လာရောက်သူအရေအတွက် အလွန်နည်းခဲ့ပါတယ်။ အသက် ၁၆ နှစ်ရှိတဲ့ သူ့သမီးနဲ့ သူငယ်ချင်းတစ်စုက ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးစုဝေးပွဲအတွက် လက်မှတ်ရာချီ မှာယူခဲ့ပြီး အမှန်တကယ်မသွားခဲ့ဘူးလို့ စတိဗ်ရှမစ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ သူတို့သားသမီးတွေလည်း အလားတူလုပ်ခဲ့ကြတယ်လို့ တခြားမိဘတွေက စတိဗ်ရှမစ်ရဲ့ ပို့စ်အောက်မှာ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ စုဝေးပွဲမှာ ဦးရာလူ ထိုင်ခုံယူစနစ် ကျင့်သုံးခဲ့တဲ့အတွက် ဖုန်းဆက် လက်မှတ်မှာယူပြီး မလာခဲ့သူတွေကြောင့် လူနည်းရတာမဟုတ်ဘူးလို့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဒါရိုက်တာက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top