ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက်ကြီးဆုံးလူနာအဘွား

23-3-2020-yyl-007.jpg

အခုလအစောပိုင်းမှာ အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အသက် (၉၅) နှစ်အရွယ် အယ်မာ ကလာရာ ကော်စီနီဆိုသူ အဘွားဟာ ကူးစက်ခံရမှုကနေ ပြန်လည်ကောင်းမွန်လာတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာတွေထဲမှာ အသက်ကြီးဆုံးလူနာ ဖြစ်လာခဲ့ပါတယ်။ အဲဒီအဘွားက ဗိုင်းရပ်စ်လက္ခဏာတွေ ပြလာတဲ့အတွက် မတ်လ (၅) ရက်နေ့မှာ ဆေးရုံတက်ကုသမှု ခံခဲ့ရပါတယ်။ အခုတော့ အဘွားရဲ့ခန္ဓာကိုယ်က ကောင်းမွန်တဲ့ရလဒ်တွေရှိလာပြီး ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းက အတည်ပြုပေးခဲ့ပါတယ်။

“ဟုတ်ပါတယ်…ကျွန်မ ကောင်းသွားပါပြီ။ သူတို့က ကျွန်မကို ကောင်းကောင်းဂရုစိုက်ပေးကြတဲ့ လူကောင်းလေးတွေပါ။ အခုဆိုရင် ကျွန်မကို အိမ်ပြန်ပို့ပေးတော့မှာပါ” လို့ အဘွားအယ်မာက ပြောပါတယ်။

အဘွားက ဗိုင်းရပ်စ်ပြန်ခုခံတဲ့cကုထုံးမပါဘဲနဲ့ ပြန်လည်ကောင်းမွန်လာနိုင်ခဲ့တယ်လို့ အထူးကုဆရာဝန်တွေက ဆိုပါတယ်။ အဘွား ဆေးရုံတက်နေရတဲ့ အတောအတွင်းမှာ အဘွားရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆရာဝန်တွေလည်း ကျေနပ်အားရခဲ့ရပါတယ်။

အီတလီလူမျိုး (၇၉) နှစ်အရွယ်အဘိုးကလည်း (၁၂) ရက်တာ ဆေးရုံတက်ပြီးတဲ့နောက်မှာ စမ်းသပ်စစ်ဆေးထားတဲ့ အီဘိုလာဆေးဝါးအကူအညီနဲ့ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ အဲဒီဆေးဟာ US က ဖျားနာနေတဲ့အမျိုးသမီးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အမေရိကန်လူမျိုး (၁၄) ဦးတို့မှာလည်း အောင်မြင်ခဲ့ပြီးပါပြီ။

လက်ရှိအချိန်မှာ အီတလီနိုင်ငံက (၂၄) နာရီအတွင်းမှာတင် သေဆုံးသူဦးရေများနေတဲ့အတွက် ရောမမြို့က ဝန်ကြီးတွေကလည်း နိုင်ငံသား သန်း (၆၀) ကို ပိတ်ဆို့ဟန့်တားမှုတွေလုပ်ထားရပါတယ်။ ဖေဖော်ဝါရီလက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသူကို အတည်ပြုခဲ့တဲ့အီတလီက အခုဆိုရင် တရုတ်နိုင်ငံထက် သေဆုံးသူဦးရေများနေပြီး ရောဂါကူးစက်ခံရသူဟာ (၅၉၁၃၈) ဦးရှိနေပါပြီ။ တနင်္ဂနွေနေ့က အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးသွားစေဖို့အတွက် နိုင်ငံအတွင်း သွားလာမှုတွေကို တားမြစ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီး ဧပြီ ၃ ရက်နေ့ထိ ပိတ်ထားမှာဖြစ်ပါတယ်။

Ref: Italian grandmother, 95, becomes the oldest person to recover from coronavirus after being diagnosed with it earlier this month

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top