အစီအစဉ်တကျ အာဏာလွှဲပေးမယ်လို့ ဒေါ်နယ်ထရမ့် ထုတ်ပြန်

7-1-2021-yyl33.jpg

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကိုယ်စားလှယ်မဲ ရရှိမှုကို အတည်ပြုခဲ့ပြီးနောက်မှာတော့ အစီအစဉ်တကျ အာဏာလွှဲပြောင်းပေးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

” ရွေးကောက်ပွဲရလဒ်ကို ကျွန်တော်လုံးဝသဘောမတူပါဘူး။ အချက်အလက်တွေက ကျွန်တော် ပြောတာတွေကို သက်သေခံနေပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၂၀ ရက်မှာတော့ အစီအစဉ်တကျ အာဏာလွှဲပြောင်းပေးမှာပါ။ တရားဝင်မဲတွေကိုပဲ ရေတွက်စေဖို့ ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ အမြဲပြောခဲ့ပါတယ်။

ရှိအနေအလက်ထားက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး သမ္မတတစ်ယောက်ရဲ့ ပထမသက်တမ်းကို အဆုံးသတ်စေခဲ့ပေမဲ့ အမေရိကကို တစ်ကျော့ပြန်ကြီးကျယ်ခမ်းနားအောင်လုပ်မယ့် ကျွန်တော်တို့တိုက်ပွဲရဲ့ အစပဲ ရှိပါသေးတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်ရပ်အတွက် လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။

Ref: CNN ” Trump pledges an “orderly” transfer of power to Biden”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top