ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အတွက် အီတလီနိုင်ငံက ကလေးတွေ အွန်လိုင်းကနေ စာသင်ကြားနေရ

13-3-2020-yyl-005.jpg

အီတလီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတာကြောင့် ကလေးတွေဟာ အွန်လိုင်းကနေ စာသင်ကြားနေရပါတယ်။ လွန်ခဲ့တဲ့ (၂) ပတ်က အထိ လီယိုနာဒို ဘရူတီ လီဘီရာတီဆိုတဲ့ ကလေးလေးဟာ သူ့ရဲ့အားလပ်ချိန်မှာ မီလန်ကို ကျောင်းသွားတက်တာ၊ စာသင်ချိန်ပြီးရင် စန္တယားတီးသင်တာ၊ အမျိုးသားကင်းထောက်သင်တန်းသွားတာ၊ ကျောက်ဆောင်တက်တာ၊ ရေကူးတာတွေကို လုပ်ခဲ့တာပါ။ မတ်လနောက်ပိုင်းမှာလည်း သူဟာ ကမ္ဘာတစ်ဝှမ်းက ဆယ်ကျော်သက်တွေနဲ့အတူ Model U.N ပွဲမှာ ပါဝင်ဆင်နွှဲဖို့ United States ကို သွားဖို့ ရည်ရွယ်ထားခဲ့တာပါ။

ဒါပေမဲ့ ဖေဖော်ဝါရီလမှာ သူ့အစီအစဉ်တွေက ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မလာတော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ အီတလီအစိုးရက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ဝင်ထွက်သွားလာမှုတွေကို ကန့်သတ်ခဲ့တဲ့အတွက်ကြောင့်ပါ။ ကျောင်းတွေအားလုံးကို ပိတ်ထားသလို လူသန်းပေါင်း (၆၀) ရဲ့လှုပ်ရှားမှုတွေကိုလည်း တားမြစ်ထားပြီး အီတလီနိုင်ငံတစ်ခုလုံးကို ထိန်းချုပ်လိုက်ပါပြီ။

အခုဆိုရင် လီယိုနာဒိုဟာ သူ့ရဲ့တိုက်ခန်းမှာ နေထိုင်နေရပါတယ်။ သူ့ရဲ့ပုဂ္ဂလိကကျောင်းကလည်း ပိတ်ထားပြီး သင်တန်းတွေကလည်း ဆက်လက်ဖွင့်သင့် မဖွင့်သင့်ဖြစ်နေပါတယ်။ ရောဂါထိန်းချုပ်ဖို့အတွက် ကျောင်းတွေက အွန်လိုင်းကနေ သင်ကြားပေးနေကြောင်းနဲ့ ပုံမှန် မနက်ပိုင်းသင်တန်းကို တက်ရောက်ဖို့အတွက် ကျောင်းသား/ သူတွေက Google Hangout ထဲ log in ဝင်ပြီး စာသင်ယူနေရကြောင်း လီယိုနာဒိုက ဆိုပါတယ်။ လီယိုနာဒိုအတွက်တော့ သူ့သူငယ်ချင်းတွေကို မြင်တွေ့ရမယ့် အခွင့်အရေးတစ်ခုပါပဲ။ သူက ရက်တော်တော်ကြာ အထီးကျန်နေရတာကြောင့်ပါပဲ။ သူ အွန်လိုင်းကနေ စာသင်ယူတဲ့အခါ သူ့ရဲ့ချစ်စရာခွေးလေးနဲ့ အတူ သင်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ ဆရာ/ဆရာမတွေက နောက်တစ်ခါကျရင် စာသင်ချိန်အတွင်း ခွေးလေးကို သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီး သူ စာသင်ယူလို့မရဘူးလို့ ပြောထားပါတယ်။

အီတလီနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၀၀၀၀) ကျော်၊ သေဆုံးသူဦးရေ (၁၀၀၀) ကျော်ရှိနေပါပြီ။

Ref: These Italian Kids Are Going to School Online During the Coronavirus Lockdown

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top