ပြေးတာက သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်

13-3-2020-yyl-007.jpg

မနက်ခင်းစောစောလေး အပြေးလေ့ကျင့်တာက ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေနိုင်သလို ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်လည်း အထိရောက်ဆုံး လေ့ကျင့်ခန်းတွေထဲကတစ်ခုပေါ့။ ဦးနှောက်ကနေစလို့ တစ်ကိုယ်လုံးကျန်းမာနေစေဖို့ဆိုရင် အပြေးလေ့ကျင့်တာကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။ အပြေးလေ့ကျင့်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

လေ့လာမှုတော်တော်များများအရ သိလိုက်ရတာက အပြေးလေ့ကျင့်ပေးတာက ဦးနှောက်ကို ကျန်းမာစေနိုင်သလို အရွယ်တင် နုပျိုစေနိုင်တယ်ဆိုတဲ့အချက်ပါ။ အပြေးလေ့ကျင့်တာရဲ့ အကျိုးကျေးဇူးက ဒီလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကျန်းမာစေနိုင်သလို ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သက်တမ်းပိုရှည်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။

မဲလ်ဘုန်းမှာရှိတဲ့ University of Sydney ကသုတေသီတွေကတော့ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်တာက ရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အပြေးလေ့ကျင့်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး တစ်နေ့တာလှုပ်ရှားမှုတွေမှာ တက်ကြွလန်းဆန်းစွာနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြေးနေဖို့က အဓိကပါ

နှစ်ပေါင်းအတော်ကြာ စန်စတကျလေ့လာခဲ့တဲ့ သုတေသနပြုမှုများစွာလုပ်ခဲ့ပြီး လေ့လာမှု ၁၄ ခုအတွင်း လူအယောက် ၂၃၂,၁၄၉ ဦးကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုတွေမှာ တွေ့ရှိခဲ့ရတဲ့ လေ့လာမှုတွေအရ နေ့စဉ် အပြေးလေ့ကျင့်ပေးတာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

အပြေးလေ့ကျင့်တာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် တစ်ပတ်ကို အနည်းဆုံး ၇၅ မိနစ်ကနေ မိနစ် ၁၅၀ လောက်အထိ အပြေးလေ့ကျင့်ပေးဖို့ပြောပါရစေ။

မနက်ခင်းမှာဖြစ်ဖြစ်၊ ညနေခင်းမှာဖြစ်ဖြစ် အကြောလျှော့လေ့ကျင့်ခန်းလေးလုပ်ပြီး အပြေးလေ့ကျင့်ပေးတာက တစ်နေ့တာမှာ ပင်ပန်းနေတာတွေ ညောင်းညာနေတာတွေကို သက်သာစေပြီး စိတ်ရောကိုယ်ပါလန်းဆန်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဒီတော့ ကျန်းမာအသက်ရှည်စေဖို့ ပုံမှန်လေး အပြေးလေ့ကျင့်ပေးဖို့ အကြံပြုပါရစေ။

Ref : Hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top