အူရီဒူးမြန်မာမှ မြန်မာ့နှစ်သစ်ကိုကြိုဆိုသောအားဖြင့် နိုင်ငံတစ်ဝှမ်းရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းကြီးကျောင်းများသို့ အခြေခံစားသောက်ကုန်များ ပေးပို့လှူဒါန်း

5.4.24-yyl-9.jpg

အူရီဒူးမြန်မာမှ မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအားဖြင့် နေ့စဉ်လူမှုဘဝတွင် အဓိကအရေးပါသည့် အခြေခံစားသောက်ကုန်များအား နိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသည့်နေရာများသို့ ပေးပို့လှူဒါန်းခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလုပ်ငန်းများစွာကို အစဉ်တစိုက် ဆောင်ရွက်နေသည့် အူရီဒူးမြန်မာအနေဖြင့် လိုအပ်နေသည့် လူမှုအသိုင်းအဝိုင်းများအား ပံ့ပိုးပေးရန် ငွေကျပ်သိန်းပေါင်း ၄၀၀ ခန့် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို လူဦးရေ ၃၅,၀၀၀ စာ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အဆိုပါအစီအစဉ်ဖြင့် အူရီဒူးမြန်မာမှ ဆန်အိတ်များ၊ နေကြာဆီ၊ ဆန်ကြာဇံနှင့် ပဲ စသည့် အခြေခံစားသောက်ကုန်များကို နိုင်ငံအနှံ့အပြားရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းကြီးကျောင်းများ စသဖြင့် စုစုပေါင်း ၅၈ နေရာသို့ ပေးပို့ လှူဒါန်းခဲ့သည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုတဲ့အနေနဲ့ အများအကျိုးဆောင်ရွက်နေတဲ့ နေရာတွေကို အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းတာဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေဟာ လိုအပ်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို အဓိက ပံ့ပိုးကူညီပေးနေတဲ့ နေရာတွေဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အဆိုပါနေရာများသို့ ပေးပို့လှူဒါန်းခွင့်ရလို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါတင်မကသေးပါဘူး အူရီဒူးမြန်မာအနေနဲ့ “အူရီဒူးက လှူနေမှာ ၁ မိနစ် ပြောတိုင်း ၁ကျပ်ပါ” အစီအစဥ်နှင့် မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ “ဒစ်ဂျစ်တယ်ပညာရေး အစီအစဉ်” များဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ပံ့ပိုးပေးလျက်ရှိပြီး လိုအပ်တဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပညာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါတယ်” ဟု ပြောကြားသည်။

အူရီဒူးမြန်မာသည် ယနေ့အထိ “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ဖြင့် လိုအပ်သည့် လူမှုအသိုင်းအဝိုင်းများအတွက် အခမဲ့ပညာသင်ကြားပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် ကျောင်းအဆောက်အအုံ ၄၂‌ ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်မိတ်ဆက်ခဲ့သည့် “ဒစ်ဂျစ်တယ်ပညာရေး” အစီအစဉ်ဖြင့်လည်း ဘုန်းတော်ကြီးသင်ပညာရေး‌‌ကျောင်းများတွင် ခေတ်မီဒစ်ဂျစ်တယ်ပညာရေးစနစ်ကို အသုံးပြု၍ သင်ကြားနိုင်ရန် ပံ့ပိုးပေးခဲ့ပါသည်။

အူရီဒူးမြန်မာအနေဖြင့် ဒေသခံလူမှုအသိုင်းအဝိုင်းများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ ခိုင်မြဲစေမည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးလျက်ရှိပါသည်၊

အူရီဒူး၏ လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်းကိုအကျိုးပြုရန် အစဉ်တစိုက် ဆက်လက်ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top