Myanmar Payment Union (MPU) နှင့် Mastercard တို့ ချိတ်ဆက်ထားသည့် MPU-Mastercard Debit ကတ်ကို ရိုးမဘဏ်က ပြည်တွင်းစျေးကွက်အတွင်း ပထမဆုံးမိတ်ဆက်

5.4.24-yyl-၈.jpg

အဆိုပါဦးဆောင်ဦးရွက်ပြုမှုသည် မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှုကဏ္ဍ၏ အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်

Myanmar Payment Union နှင့် Mastercard တို့ ပူးပေါင်းပါဝင်သော Debit ကတ်ဖြစ်သည့် “MPU-Mastercard” Debit ကတ်ကို ပြည်တွင်းဘဏ်ဝန်ဆောင်မှုကဏ္ဍ၏ ရှေ့ဆောင်လုပ်ဆောင်မှုတစ်ခုအဖြစ် ရိုးမဘဏ်က ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါသည်။ အဆိုပါ ဆန်းသစ်တီထွင်မှုသည် ရိုးမဘဏ်ဝန်ဆောင်မှုရယူသူများအတွက် အကျိုးကျေးဇူးများစွာ ပေးနိုင်ရုံသာမက Myanmar Payment Union (MPU)၊ Mastercard နှင့် ရိုးမဘဏ်တို့၏ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှရရှိလာသည့် အောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်ပါသည်။

ရိုးမဘဏ်ဝန်ဆောင်မှုအသုံးပြုသူများသည် အသစ်မိတ်ဆက်လိုက်သော MPU-Mastercard Debit ကတ်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ အထူးအခွင့်အရေးနှင့် အစီအစဉ်များကို ပြည်တွင်း၌သာမက နိုင်ငံတကာ၌ပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ကတ်အသုံးပြုသူများအနေနှင့် MPU ၏ ကျယ်ပြန့်သော ပြည်တွင်းကွန်ရက်တွင် ငွေကြေးလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည်သာမက Mastercard မှ ချိတ်ဆက်ထားသော နိုင်ငံတကာကွန်ရက်တွင်လည်း အွန်လိုင်းနှင့် နိုင်ငံတကာ ဈေးဝယ်ခြင်းကို ရိုးရှင်းသောထိတွေ့မှုမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

“ရိုးမဘဏ်ဝန်ဆောင်မှုအသုံးပြုသူတွေအတွက် MPU နဲ့ Mastercard တို့ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်နိုင်ခဲ့လို့ များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ MPU-Mastercard Debit ကတ်ကို မိတ်ဆက်ခြင်းဟာ ရိုးမဘဏ်ရဲ့ အားလုံးပါဝင်နိုင်တဲ့ငွေကြေးစနစ်ကို ဖန်တီးဖို့ဆိုတဲ့ ကတိကဝတ်ကို ဖော်ဆောင်ခြင်းဖြစ်သလို မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်စနစ်အသုံးပြုသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေကို ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုရှိပြီး အားကောင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် ကတ်အသုံးပြုသူတွေအနေနဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေနဲ့ ရိုးရှင်းလွယ်ကူတဲ့ ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ရိုးမဘဏ်၏ Chief Consumer Banking Officer ဖြစ်သူ ဒေါ်ခင်မူမူမြင့်က ပြောကြားခဲ့ပါသည်။

ဧပြီလ (၉) ရက်၊ ၂၀၂၄ ခုနှစ်မှစတင်ကာ Flexi Everyday အကောင့်ရှိရုံဖြင့် MPU-Mastercard Debit ကတ်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် (နှစ်စဉ်ကြေးအခမဲ့) လျှောက်ထားနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် မေလ (၂) ရက်၊ ၂၀၂၄ ခုနှစ်မှစတင် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ ရိုးမဘဏ်၏ MPU-Mastercard Debit ကတ်အသုံးပြုသူများသည် ပြည်တွင်း၌သာမက နိုင်ငံတကာရှိ အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများ၊ Point of Sale (POS) ငွေပေးချေမှုများ နှင့် ATM ငွေထုတ်ခြင်းစသည့် ငွေကြေးလုပ်ဆောင်ချက်များကို MPU နှင့် Mastercard ကွန်ရက်များလွှမ်းခြုံမှုရှိသော မည်သည့်နေရာတွင်မဆို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မည့်အပြင် ကတ်ပေါင်းများစွာကိုင်ဆောင်စရာမလိုဘဲ ငွေကြေးလုပ်ဆောင်ချက်များကို လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ရိုးမဘဏ်၊ MPU နှင့် Mastercard တို့မှ ပေးအပ်သော အကျိုးခံစားခွင့်များနှင့် အထူးအစီအစဉ်များကိုပါ ခံစားနိုင်မည့် အခွင့်အရေးများလည်းရှိသည်။

Mastercard ၏ နိုင်ငံတကာချိတ်ဆက်မှုများမှတစ်ဆင့် ကတ်အသုံးပြုသူများသည် နိုင်ငံပေါင်း (၂၁၀) ကျော်ရှိ သန်းပေါင်းများစွာသော ဆိုင်များနှင့် အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများတွင် ငွေကြေးလုပ်ဆောင်မှုများကို ပြုလုပ်နိုင်ရုံသာမက MPU ၏လွမ်းခြုံမှုဖြင့် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းပေါင်း ၅၀၀ ကျော်နှင့် Point of Sale (POS) ငွေပေးချေမှုပေါင်း ၃၄,၀၀၀ ကျော်ကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

ရိုးမဘဏ်၏ MPU-Mastercard Debit ကတ်သည် Flexi Everyday အကောင့်နှင့် အလွယ်တကူချိတ်ဆက်နိုင်သောကြောင့် ကတ်ရှိငွေကြေးများကို အဆင်ပြေချောမွေ့စွာ စီမံခန့်ခွဲမှုပြုလုပ်နိုင်မည်ဖြစ်ပြီး ကတ်ကိုစတင်အသုံးပြုနိုင်သည်နှင့်တစ်ပြိုင်နက် နိုင်ငံတကာ ဇိမ်ခံဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ စသည့် Mastercard မှပေးအပ်သော ပရိုမိုးရှင်းအစီအစဉ်များနှင့် အကျိုးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်ပါသည်။ အသေးစိတ်ကို https://specials.priceless.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ရိုးမဘဏ်မှ ပေးအပ်သော အကျိုးခံစားခွင့်များကို သိရှိလိုပါက www.yomabank.com တွင် လေ့လာနိုင်ပါသည်။

ရိုးမဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၈၀ ကျော်ကို နည်းဗျူဟာကျကျ ဖြန့်ကျက်ကာ ဝန်ဆောင်မှုပေးလျက်ရှိပြီး “Building a Better Myanmar for its People” ဟူသော ရိုးမဘဏ်၏ ရည်မှန်းချက်နှင့်အညီ ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ပိုမိုခေတ်မီသော လူနေမှုဘဝကို မြှင့်တင်ကာ မျှဝေတန်ဖိုးများကို ဖန်တီးပေးလျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top