အက်တမ် (ATOM) မှ လူအများကြိုက်နှစ်သက်သည့် တို့တို့ဆိုက်ကား 3D ဂိမ်း၏ Mega Draw အနိုင်ရရှိသူများကို ကြေညာ

24.2.2023-image-7.jpg

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ်သည် တို့တို့ဆိုက်ကား 3D ဂိမ်း Mega Draw ကမ်ပိန်း၏ အထူးဆုကြီးများ ပေးအပ်ချီးမြှင့်သည့် ပွဲအခမ်းအနားကို ဆူးလေစကွဲရှိ အက်တမ်ရုံးချူပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အက်တမ် စတိုးအက်ပ်မှ ရယူ ကစားနိုင်သည့် တို့တို့ဆိုက်ကား 3D ဂိမ်း ကမ်ပိန်းကို လေးလကြာ ကျင်းပပြုလုပ်ခဲ့ပြီး အက်တမ် (ATOM) အသုံးပြုသူ (၂.၁၃) သန်း အထိ ပါဝင်ကစားခဲ့ကြသောကြောင့် မြန်မာနိုင်ငံအတွင်းရှိ တယ်လီကွန်းအော်ပရေတာကုမ္ပဏီများမှ ဝန်ဆောင်မှုပေးအပ်ခဲ့သော လူကြိုက် အများဆုံးဂိမ်းများအနက် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ကမ်ပိန်းကာလဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့အတွင်း ဂိမ်းကစားသည့် အကြိမ်အရေအတွက်ပေါင်း (၁၀၇) သန်းကျော်ထိ ရရှိခဲ့သော တို့တို့ဆိုက်ကားဂိမ်းသည် မြန်မာ ကျပ်ငွေ စုစုပေါင်း ခြောက်ဘီလီယံ (ကျပ်သန်းပေါင်း ၆,၀၀၀) အထိ တန်ဖိုးရှိဆုလက်ဆောင်များကို ဆွတ်ခူးရရှိနိုင်သည့် အခွင့်အရေးများကြောင့် အက်တမ် (ATOM) အသုံးပြုသူများကြား အထူးရေပန်းစား စိတ်ဝင်စားမှုရရှိခဲ့ပါသည်။ တို့တို့ ဆိုက်ကားဂိမ်းတွင် အဆင့်သုံးဆင့်ပါရှိပြီး ဂိမ်းကစားသူသည် အဆင့်တစ်ခုချင်းစီတွင် ဆိုက်ကား (တို့တို့) ကို အတားအဆီးများနှင့် မတိုက်မိစေရန် ရှောင်ကွင်း၍ coins များ စုဆောင်းရမည် ဖြစ်သည်။

တို့တို့ဆိုက်ကားဂိမ်းကစားသူများသည် ဒေတာလက်ဆောင်များ၊ ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း အစ ရှိသည့် ဆုလက်ဆောင်များကို ချက်ချင်းရရှိခဲ့သည့်အပြင် နှစ်ပါတ်တစ်ကြိမ် ရွေးချယ်သော ဆုလက်ဆောင်များ ကံထူးခွင့်နှင့် Mega Draw ကမ်ပိန်းတွင်လည်း ပါဝင်ကံစမ်းခွင့် ရရှိခဲ့ပါသည်။ အက်တမ် (ATOM) သည် Mega Draw ကမ်ပိန်း အနိုင်ရရှိသူများ နှင့် အထူးဆုကြီး နှစ်ခုဖြစ်သည့် BAIC Senova D50 ကားအသစ်တစ်စီး၊ ငွေကျပ် သိန်း (၂၀၀) ဆု (၁) ဆု နှင့် သိန်း (၁၀၀) ဆု (၅) ဆုအနိုင်ရရှိသူများကို မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့သည်။

အက်တမ် (ATOM) သည် Mega Draw ကမ်ပိန်းအထူးဆုကြီးများအပြင် ဂိမ်းကစားသူများကို မဲနှိုက်ရွေးချယ်ပြီး ရာသီအလိုက် ဆုလက်ဆောင်များကိုလည်း နှစ်ပတ်တစ်ကြိမ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အက်တမ် (ATOM) က ချီးမြှင့်ခဲ့သည့် ရာသီအလိုက် ဆုလက်ဆောင်များတွင် iPhone 13 Pro အမျိုးအစား ဖုန်း အလုံး (၄၀)၊ Samsung Galaxy S22 အမျိုးအစား ဖုန်းအလုံး (၈၀)၊ iPad Air 5 အမျိုးအစား အခု (၈၀)၊ Samsung Galaxy A23 အမျိုးအစား ဖုန်းအလုံး (၂၄၀) နှင့် Oppo A16 အမျိုးအစား ဖုန်းအလုံး (၃၆၀) အစရှိသဖြင့် ဆုအမျိုးအစားစုစုပေါင်း ၈၀၀ တို့ ပါဝင်သည်။

အက်တမ် (ATOM) အသုံးပြုသူများသည် တို့တို့ဆိုက်ကားဂိမ်းကို အက်တမ် စတိုးအက်ပ်တွင် ၎င်း၏ ကွန်ရက်ကိုအသုံးပြုပြီး ဒေတာအပိုဆောင်း ကုန်ကျခြင်းမရှိဘဲ ကစားနိုင်ပြီး ဂိမ်းကစားရင်း ကမ်ပိန်းကာလအတွင်း Mega Draw ကံစမ်းခွင့်လက်မှတ်များကို စုဆောင်းနိုင်ပါသည်။ ကမ်ပိန်းကာလပြီးသွားသည့်အခါ အက်တမ်မှ အီလက်ထရောနစ်မဲနှိုက်စနစ်ဖြင့် Mega Draw ကံထူးရှင်ဆန်ကာတင်စာရင်း ထိပ်ဆုံးအယောက် (၅၀) ကို ရွေးချယ်ခဲ့ပါသည်။ ကံစမ်းခွင့်လက်မှတ်များများရရှိသော အက်တမ် (ATOM) အသုံးပြုသူများသည် ကံထူးရှင်စကာတင်စာရင်း ထိပ်ဆုံး အယောက် (၅၀) အတွင်း ၀င်ရောက်ရန် အခွင့်အရေး ပိုမိုရရှိခဲ့ပါသည်။ အဆိုပါ အယောက် (၅၀) ထဲမှ တစ်ယောက်အား ကံထူးရှင်ဆုကြီးပိုင်ဆိုင်ဖို့ မဲနှိုက်ရွေးချယ်ခဲ့ပါသည်။

အက်တမ် (ATOM) သည် စျေးကွက်ထဲတွင် တီထွင်ဆန်းသစ်မှုအားကောင်းသော ဂိမ်းများနှင့် ဝန်ဆောင်မှုများဖြင့် ဦးဆောင်လျက်ရှိပါသည်။ အက်တမ် စတိုးအက်ပ် ကို Google Play Store၊ Apple Store နှင့် ATOM website တို့တွင် ဒေါင်းလုပ်ပြုလုပ် ရယူနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top