သုဝဏ္ဏကိုဗစ်စင်တာကို မနက်ဖြန်ပြန်ဖွင့်လှစ်မယ်

7-7-2021-yyl-01.jpg

ရန်ကုန်မြို့က Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) စင်တာကို ဇူလိုင်လ (၈) ရက်နေ့ မနက်ဖြန်မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

ရန်ကုန်မြို့မှာ ဖွင့်လှစ်ပြီးဖြစ်တဲ့ Covid-19 ရောဂါကုသရေးဌာနများမှာ ရိုးမရိပ်သာ Covid-19 ရောဂါကုသရေးဌာနမှာ Quarantine (၁၀၀၀) ဦးနဲ့ Covid-19 ရောဂါအတည်ပြုလူနာ (၅၇၆)ဦး၊ Covid-19 ရောဂါကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာမှာ Covid-19 ရောဂါအတည်ပြုလူနာ (၅၀၀) ဦး၊ MCC Covid-19 ရောဂါကုသရေးဌာနမှာ COVID-19 ရောဂါအတည်ပြုလူနာ (၂၅၀) ဦး တို့ကို လက်ခံကုသပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ အထွေထွေရောဂါဆေးရုံသစ်ကြီး(ရန်ကုန်) မှာလည်း COVID-19 ရောဂါလူနာတွေကို လက်ခံကုသပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ (၆) ရက် ဓာတ်ခွဲစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၂၉၆၉) ဦးရှိနေပြီး အဲ့ဒီထဲမှာ ရန်ကုန်မြို့က အတည်ပြုလူနာ (၃၄၈) ဦး ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လ (၆) ရက်နေ့ အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၁၇၁,၉၇၆) ဦး၊ ဆေးရုံဆင်းခွင့်ရသူ လူနာစုစုပေါင်း (၁၄၀,၃၈၇) ဦး နဲ့ သေဆုံးသူ လူနာစုစုပေါင်း (၃,၅၁၃) ဦး ရှိနေပြီဖြစ်ပါတယ်။

နေပြည်တော်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးစတဲ့ မြိုနယ်တွေထဲမှာရှိတဲ့ မြို့နယ်တချို့ကို နေအိမ်မှာနေထိုင်ရေး (Stay at Home) မြို့နယ်တွေအဖြစ် ကြေညာထားပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top