အသက်သာဆုံးဈေးနှုန်းနဲ့ အမာကြောဆုံး ဖုန်းတစ်လုံး ဖြစ်လာမဲ့ OPPO A3x ဗားရှင်းအသစ်ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ

30.12.2024-yyl-၄.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က MIL-STD 810H Certification နဲ့ SGS Premium Certification ပါဝင်ပြီး ယခင် A3 ထုတ်ကုန်များနဲ့ မာကြောမှုရော အကြမ်းခံမှုပါ တူညီတဲ့ OPPO A3 Series ရဲ့ နောက်ဆုံး ထုတ်ကုန်အသစ် A3x (4+64) ဗားရှင်းအသစ်ကို နှစ်ကုန်အထူးလက်ဆောင်အနေနဲ့ သုံးစွဲသူတွေရဲ့ လက်ထဲ အရောက်ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ OPPO A3 Series ဟာ မာကြောအကြမ်းခံမှုမှာ သုံးစွဲသူတွေအကြား နာမည်ကျော်ကြားသလိုပဲ အခုတစ်ခေါက် ထပ်မံထွက်ရှိလာတဲ့ OPPO A3x ဗားရှင်းအသစ်ဟာလဲ ဈေးနှုန်းတူစမတ်ဖုန်းများအကြား အသက်သာဆုံးနဲ့ အမာကြောဆုံးဖြစ်လာဦးမဲ့ စမတ်ဖုန်းဖြစ်တဲ့အပြင် Multiple Liquid Resistance ပါရှိမှုကြောင့်‌ တော်ရုံဖိတ်စင်မှုတွေကို မမှုတော့တဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေမှာ ဖြစ်ပါတယ်။

ဈေးနှုန်းအထူးသက်သာပြီး မာကြောအကြမ်းခံမှုမှာ ဆရာကျသလို Snapdragon Chipset ပါရှိလာတဲ့ OPPO A3x ဗားရှင်းအသစ်


OPPO A3x (4+64) ဗားရှင်းအသစ်ဟာ OPPO A3 Series ရဲ့ ထွက်ရှိပြီးသား ထုတ်ကုန်တွေရဲ့ မာကြောအကြမ်းခံမှုအတိုင်း ထပ်တူထပ်မျှဖြစ်ပြီး မာကြောမှုဒဏ်နဲ့ ပတ်သက်လာရင် ထူးခြားတဲ့ စမ်းသပ်မှုဖြစ်တဲ့ Military-Grade Shock Resistance စမ်းသပ်မှုကို အောင်မြင်ခဲ့သလို အခြားသော အကြမ်းခံမှုတွေကိုလဲ ခံနိုင်စွမ်း ရှိတာကြောင့် MIL-STD 810H Certification နဲ့ SGS Premium Certification တို့ကို ရရှိထားတဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပါတယ်။ OPPO A3 Series ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်အသစ်ဖြစ်လာတဲ့ OPPO A3x(4+64) ဗားရှင်း အသစ်ဟာ အကြမ်းခံရုံတင်သာမက မာကြောမှုတွေအတွက် အထောက်အပံ့ဖြစ်စေတဲ့ IP54 Dust and Water Resistance နဲ့အတူ Multiple Liquid Resistance ပါရှိမှုကြောင့် တော်ရုံ ရေဖိတ်စဉ်မှုတွေအပြင် စွပ်ပြုတ်၊ ကော်ဖီ၊ ကိုလာ၊ နွားနို့နဲ့ ဆန်ပြုတ် အစရှိတဲ့ အရည်တွေ ဖိတ်စဉ်မှုအတွက်လဲ ခံနိုင်ရည်ရှိပြီး စိတ်ပူစရာမလိုတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူတွေအတွက် နေ့စဉ် ဘဝမှာ လွယ်ကူချောမွေ့တဲ့ အတွေ့အကြုံတွေကို ခံစားစေနိုင်မဲ့ Qualcomm ရဲ့ Snapdragon 6s 4G Gen1 Mobile Platform Chipset ကို အသုံးပြုပေးထားတာ‌ကြောင့် သုံးစွဲသူတွေအတွက် ပိုပြီးကောင်းမွန်ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ရုံသာမက သုံးစွဲသူတွေကို ၄ နှစ်နဲ့ အထက် အသုံးခံအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ချောမွေ့မြန်ဆန်တဲ့ သုံးစွဲမှုအတွေ့အကြုံနဲ့အတူ RAM 4 GB ပါဝင်လာပြီး ထပ်တိုးအဖြစ် RAM Expansion 4GB ရရှိနိုင်မှာဖြစ်သလို ROM သိမ်းဆည်းမှုအနေနဲ့လဲ 64 GB ပါရှိလာမှာ ဖြစ်ပါတယ်။

တည်ငြိမ်ကျော့ရှင်းတဲ့ ဒီဇိုင်း နဲ့အတူ ဈေးနှုန်းတူ ဖုန်းများအကြား 1000nits Peak Brightness ပါရှိလာတဲ့ OPPO A3x ဗားရှင်းအသစ်


OPPO A3 Series ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ OPPO A3x (4+64) ဗားရှင်းအသစ်မှာ လူကြီးလူငယ်မရွေး သဘောကျလောက်အောင် တည်ငြိမ်လှပတဲ့ Ocean Blue နဲ့ Nebula Red ဆိုပြီး အရောင်အားဖြင့် နှစ်ရောင် ပါရှိလာမှာ ဖြစ်ပါတယ်။ 90 Hz Refresh Rate နဲ့အတူ ချောမွေ့မြန်ဆန်တဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ခံစားရရှိမဲ့အပြင် Ultra Brightness Display မှာဆိုရင်လဲ 1000nits Peak Brightness ပါဝင်တာကြောင့် နေရာမရွေး၊ အချိန်မရွေး အသုံးပြုနိုင်မှာဖြစ်သလို နေရောင်အောက်မှာလဲ အလွယ်တကူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မြန်ဆန်သွက်လက်တဲ့ အားသွင်းနှုန်းနဲ့အတူ ဘက်ထရီ အားကြာရှည်ခံနိုင်တဲ့ OPPO A3x ဗားရှင်းအသစ် OPPO A3 Series ထုတ်ကုန်တွေထဲမှာ နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်တဲ့ OPPO A3x (4+64) ဗားရှင်းအသစ်ဟာ သုံးစွဲသူတွေကို ဘက်ထရီအားကြာရှည်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် 5100 mAh ဘက်ထရီ ထည့်သွင်းပေးထားတဲ့အပြင် အချိန်တိုအတွင်း အားအမြန်ပြည့်စေနိုင်ရန် ရည်ရွယ်ချက်နဲ့ 45W SUPERVOOC Flash Charge အားသွင်းကြိုးကိုလဲ ထည့်သွင်းလာတာဖြစ်ပါတယ်။ ဒါကြောင့် OPPO A3x ဗားရှင်းအသစ်ဟာ ယခင်က ထွက်ရှိခဲ့ပြီးသား OPPO A3 Series ထုတ်ကုန်များနည်းတူ အားကြာရှည်ခံပြီး အားသွင်းမြန်ဆန်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

သုံးစွဲသူတွေအတွက် နှစ်ကုန်လက်ဆောင်အနေနဲ့ ဈေးနှုန်းတူ စမတ်ဖုန်းများအကြား အမာကြောဆုံး ဖြစ်သလို OPPO A3 Series ရဲ့‌ နောက်ဆုံးထုတ်ကုန်ဖြစ်လာမဲ့ OPPO A3x (4+64) ဗားရှင်းအသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။ အသက်သာဆုံးဈေးနှုန်း၊ အမာကြောဆုံး ခံနိုင်ရည်အားနဲ့အတူ Qualcomm Snapdragon Chipset ပါရှိလာမဲ့ OPPO A3 Series ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်ဗားရှင်းအသစ် OPPO A3x (4+64) ရဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/3BwNQdJ၊ Website – https://bit.ly/4iQvNjs၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

OPPOA3x #OPPOA3Series #အကြမ်းပတမ်းသုံးOPPOA3Seriesဖုန်း

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top