HEINEKEN Myanmar ရုံးချုပ်ကို အသစ်ပြောင်းရွေ့ဖွင့်လှစ်လိုက်ပြီး ‘Go Places’ တွင် ပါဝင်နိုင်ရန် အရည်အချင်းရှိလူငယ်များကို ဖိတ်ခေါ်

9.jpg

HEINEKEN Myanmar သည် ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာအကျဆုံးနေရာဖြစ်သော Junction City Office Tower အဆောက်အအုံကြီး၏ (၁၅) လွှာတွင် ရုံးချုပ်နေရာအသစ်ကို ဂုဏ်ယူစွာဖြင့်ပြောင်းရွေ့ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာဘီယာအမှတ်တံဆိပ်ဖြစ်သော HEINEKEN ၏ ပုံရိပ်ကိုမြှင့်တင်ရန်၊ ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပါဝင်လုပ်ဆောင်နိုင်မှုတို့ကို အားပေးကူညီနိုင်ရန် တို့အတွက် ဤခေတ်မီရုံးခန်းကြီးကို ရန်ကုန်မြို့ကြီး၏ ရှုမျှော်ခင်းကို (၂၇၀) ဒီဂရီပတ်လည် မြင်တွေ့နေနိုင်သော နေရာတွင် ဖန်တီးထားသည်။

ခေတ်မီဒီဇိုင်းပုံစံဖြင့် တည်ဆောက်ထားသည့် HEINEKEN Myanmar ရုံးချုပ်ကြီးတွင် ကျယ်ဝန်းသောနေရာ ထိုင်ခင်းများ၊ လက်တွေ့ဆန်သောစက်ရုံစတိုင်ဖန်တီးထားသည့်မျက်နှာကျက်များနှင့် သဘာဝအလင်းရောင်တို့ ရရှိအောင်ဖန်တီးထားသောကြောင့် ရန်ကုန်မြို့တွင် အသစ်လွင်ဆုံး၊ အထူးခြားဆုံးရုံးခန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာမည်ဖြစ်သည်။ ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုတို့နှင့် စပ်လျဉ်းသော ကုမ္ပဏီ၏ တန်ဖိုးများကို ပိုမိုမြှင့်တင်ထောက်ပံ့ပေးနိုင်ရန်အတွက် အစည်းအဝေးခန်းများကို မှန်များဖြင့်ကာရံထားပြီး မန်နေဂျာများသည်လည်း အခြားလုပ်ဖော်ကိုင်ဖက်များနှင့် လက်ရည်တစ်ပြင်တည်း အတူတကွထိုင်၍ အလုပ်လုပ်ကိုင်နိုင်ရန်စီမံထားသည်။ ဤရုံးသစ်ကြီး၌ သောကြာနေ့များတွင် အလုပ်ပြီးချိန်၌ ဝန်ထမ်းများ အေးအေးဆေးဆေးအနားယူနိုင်ပြီး ဘီယာများသောက်သုံးနိုင်သည့် ဘားတစ်ခု၊ DJ Booth တစ်ခု၊ အပန်းဖြေရာနေရာများ၊ မိခင်နှင့် ကလေးများအတွက် သက်သက်သာသာဖြစ်စေမည့်နားနေခန်း၊ ဗီဒီယိုများကြည့်ရန်နှင့် ပွဲအခမ်းအနားများကျင်းပရန်တို့အတွက် ကြီးမားကျယ်ပြန့်သောမျက်နှာပြင်ရှိတီဗီကြီး တစ်ခုတို့ ထားရှိပေးထားသည်။

HEINEKEN အနေဖြင့် ဝန်ထမ်းများအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ဤကဲ့သို့ စိတ်ကူးဉာဏ်ကွန့်မြူးစေသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးခြင်းတစ်ခုတည်းသာမက စွမ်းဆောင်ရည်မြင့်မားသူများ၊ ထူးချွန်သူများကို ဆွဲဆောင်ရန်၊ တိုးတက်စေရန်၊ ထိန်းသိမ်းထားရန် ရည်ရွယ်၍ ကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအမံတစ်ရပ်ဖြစ်သည့် ‘Go Places’ အတွက် အမျိုးမျိုးသော အစီအစဉ်များကိုလည်း ထားရှိထားသည်။ HEINEKEN ကုမ္ပဏီအတွင်းရှိ ဤ ‘Go Places’ အစီအစဉ်တွင် ပြည်ပ၌ (၆) လခန့် ကာလတို တာဝန် ထမ်းဆောင်စေခြင်း၊ ဘွဲ့ရပြီးစ ထူးချွန်လူငယ်များအား ကုမ္ပဏီတွင်း လုပ်ငန်းခွင် လက်တွေ့သင်ကြားပေးမှု အစီအစဉ်များ၊ ဌာနပြောင်းရွှေ့လုပ်ကိုင်ကာ အတွေ့အကြုံသစ်ရစေခြင်း အစရှိသော အစီအစဉ်များ တွင်ပါဝင်နိုင်ကြရန် အားပေးကူညီလျက်ရှိသည်။

HEINEKEN Myanmar အနေဖြင့် ‘Go Places’ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာရှပစိဖိတ်ပညာသင်ကြားမှုအစီအစဉ် (Asia Pacific Graduate Program – APGP) အတွက် လျှောက်ထားမှုများ လက်ခံနေပြီဖြစ်သည်။ ဤ နှစ်နှစ်တာကြာမြင့်မည့်အစီအစဉ်တွင် ပြည်ပ၌ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် တာဝန်ချထားမှု နှစ်ကြိမ် ပါဝင်မည်ဖြစ်သည်။ နိုင်ငံတွင်း အရည်အချင်းရှိလူငယ်များအနေဖြင့် ၎င်းတို့၏ တိုးတက်အောင်မြင်မှု၊ အလုပ်အကိုင်တို့ကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် အမျိုးမျိုးသောအတွေ့အကြုံများ၊ စိန်ခေါ်မှုများ၊ အခွင့်အရေးများကိုပေးအပ်ခြင်းအားဖြင့် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာစေရေး အားပေးကူညီရန် ၎င်းအစီအစဉ်ကိုဖန်တီးထားခြင်းဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ၏ အစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် သက်ဆိုင်ရာအစီအစဉ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် https://careers.theheinekencompany.com/APGP/ တွင် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများကို HEINEKEN Myanmar ၏ Facebook စာမျက်နှာ https://www.facebook.com/ HEINEKENMyanmarCareer/ တွင်လည်း ဝင်ရောက်လေ့လာနိုင်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top