နေပြည်တော်မှာ Soe International Open 2019 နိုင်ငံတကာဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲကြီးရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပပြုလုပ်

SOE-INTER-2019-OPEN-18.jpg

စိုးလျှပ်စစ်လုပ်ငန်းစုရဲ့လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အစဉ်မပြတ် လုပ်ဆောင်လျက်ရှိတဲ့ စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်တက်ရေး၊ သာသနာတော် အဓွန့်ရှည်တည်တံ့ပြန့်ပွားရေး စတဲ့ ကဏ္ဍ(၅)ရပ်ကို အလေးပေးဆောင်ရွက်လျက်ပါတယ်။

လူမှုဘဝမြင့်တက်ရေးကဏ္ဍအတွက် ဦးတည်ဆောင်ရွက်ရာမှာ နိုင်ငံရဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိတဲ့ အားလျော်စွာ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၊ မြန်မာ့စစ်တုရင်အဖွဲ့ချုပ်တွေရဲ့ အကြံပေးဆောင်ရွက်ချက်တွေကို စိုးလျှပ်စစ်ဖောင်ဒေးရှင်းရဲ့ကူညီပံ့ပိုးမှုနဲ့ နိုင်ငံတကာက International Master အဆင့်မီ စစ်တုရင်ကစားသမားတွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံက Grand Master အဆင့်မီစစ်တုရင်ကစားသမားတွေကို ယှဉ်ပြိုင်စေမယ့် SOE International Open 2019 နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲကြီးကို မေလ (၉ )ရက်မှ မေလ (၁၆) ရက်နေ့အထိ နေပြည်တော် သုခစိုး Grand Ballroom တွင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကြီးနဲ့ ပက်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို မေလ (၇)ရက်နေ့ နေ့လည်ပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာ မီဒီယာများစုံလင်စွာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်က ပြိုင်ပွဲနှင့်ပက်သက်ပြီး ဆောင်ရွက်ခဲ့တာတွေနဲ့ နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ Rank နှင့်ပက်သက်တာတွေကိုလည်းကောင်း၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်း အတွင်းရေးမှူးဦးအောင်မြင့်ထွန်းက ပြိုင်ပွဲအတွက် ကူညီပံ့ပိုးမှုတွေနဲ့ပက်သက်တာတွေလည်းကောင်း ၊International Master မြန်မာ့လက်ရွေးစင်ကိုနေမျိုးကျော်ထွန်းနှင့် မြန်မာ့လက်ရွေးစင်မအိခြိမ့်ခြိမ့်တို့က ပြိုင်ပွဲနှင့် ပက်သက်ပြီး ပြင်ဆင်ထားသည်တွေကို ရှင်းလင်းပြောကြားပေးခဲ့ကြပါတယ်။ မီဒီယာတွေကလည်း သိလိုတာတွေကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

အဲဒီပြိုင်ပွဲကြီးကို စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ အထွေထွေပြိုင်ပွဲကျင်းပစရိတ်အနေနဲ့ မြန်မာငွေ ကျပ်သိန်း (၁၀၀)ကျော် အကုန်ကျခံကာ တာဝန်ယူကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်အနေနဲ့ အခုလိုကျင်းပရခြင်းမှာ စတုတ္ထအကြိမ် ဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် ပထမဆုံးအကြိမ်၊ ၂၀၁၄ခုနှစ်နှင့် ၂၀၁၅ခုနှစ်များတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကျင်းပခဲ့ကြောင်း၊ မိမိနိုင်ငံမှ စစ်တုရင်ကစားသမားတွေအနေနဲ့ လက်ရည်အဆင့်အတန်းပိုမိုမြင့်မားလာစေရန်နဲ့ နောင်တွင် International Master အဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့အထိ အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း International Grand Master အဆင့် နိုင်ငံတကာက ပြိုင်ပွဲဝင် (၅)ဦး ပါဝင်ယှဉ်ပြိုင်ကစားကြမှာကြောင်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top