ကမ္ဘာ့အရှားပါးဆုံးနဲ့ တန်ဖိုးအကြီးဆုံးသတ္တု

8.9-2022-yyl-03.jpg

ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ တန်ဖိုးအကြီးဆုံးသတ္တုကတော့ ရိုဒီယမ်(Rhodium) ပါပဲ။ ငွေရောင်ရှိပြီး မာကျောတဲ့ Rhodium သတ္တုဟာ တိုက်စားမှုဒဏ် ခံနိုင်စွမ်းရှိပါတယ်။ Rhodium သတ္တုကို ပလက်တီနမ် သို့ နီကယ်ထကြနေ တခြားပလက်တီနမ်အုပ်စုဝင် သတ္တုတွေနဲ့အတူ တွေ့ရလေ့ရှိပါတယ်။ ၁၈၀၃ ခုနှစ်မှာ အင်္ဂလိပ် ဓာတုဗေဒ၊ ရူပဗေဒပညာရှင် ဝီလျံဟေဒီဝေါ်လာစတန်က တွေ့ရှိခဲ့တာပါ။

ရိုဒီယမ်ကို ကားအိတ်ဇော ကျောက်ဇကာတွေမှာ အဓိကအသုံးပြုပြီး ဓာတုလုပ်ငန်းတွေမှာလည်း ဒြပ်ကူပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရိုဒီယမ်သတ္တုကို အများဆုံးထုတ်လုပ်နေတာကတော့ တောင်အာဖရိကနိုင်ငံဖြစ်ပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply