အချိန်မတန်မီ အလျင်အမြန် အိုမင်းသွားစေမယ့် အမူအကျင့်များ

elder-holding-walking-cane-PG8YKBR.jpg

ဇရာကို ဘယ်သူမှ၊ ဘယ်အရာမှ မတားဆီးနိုင်ကြပါဘူး။ ဆံပင်များ ဖြူလာခြင်း၊ ငယ်ထိပ်ပြောင်လာခြင်း၊ ပါးရေနားရေများ တွန့်ခြင်းတို့ကို လူသားတိုင်း မလွဲမသွေ ကြုံတွေ့ရမှာပါ။ အချိန်တန်လို့ အသက်အရွယ် အိုမင်းလာမှုကို တားဆီးလို့မရပေမယ့် လျင်လျင်မြန်မြန် အိုမင်းမှု မဖြစ်ရလေအောင် သတိပြုသင့်တဲ့ အလေ့အကျင့်များကို ရိုးရာလေး ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

နေ့စဉ်နဲ့အမျှ နေရောင်ထိတွေ့ခြင်း

သင်ဟာ နေရောင်ထဲမှာ အလုပ် လုပ်ရတော့မယ်ဆိုရင် နေရောင်ဒဏ် ကာကွယ်ပေးတဲ့ အလှကုန်ပစ္စည်းတစ်ခုခု လိမ်းပြီးမှသာ ပြုလုပ်သင့်ပါတယ်။ တစ်ခါတစ်ရံ နေရောင်ထိတာက ဘာမှသက်ရောက်မှု မရှိပေမဲ့ အမြဲတမ်းလိုလို နေရောင်ခြည်ထိနေမယ်ဆိုရင်တော့ သင့်ကို ပိုပြီးလျင်လျင်မြန်မြန် ရုပ်အသွင်အပြင် အိုစာစေမှာပါ။ ဒါကြောင့် နေပူထဲ ထွက်တော့မယ်ဆိုရင် ခရမ်းလွန်ရောင်ခြည် (UV) ကာကွယ်ပေးတဲ့ နေရောင်ခြည် ကာကွယ်ပစ္စည်း တစ်ခုခုကို အသုံးပြူသင့်ပါတယ်။

လိုအပ်တဲ့ ရေဓာတ်ပမာဏ မရရှိခြင်း

အသားအရေ စိုစိုပြေပြေလေး ဖြစ်နေစေဖို့အတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏကို ဖြည့်ဆည်းပေးဖို့အတွက် လိုအပ်ပါတယ်။ မျက်နှာ အစိုဓာတ်လေး ရရှိစေဖို့အတွက် အရေပြား ခြောက်သွေ့မှုကို ကာကွယ်ပေးတဲ့ အလှဆီ (Moisturizer) ကို နေ့စဉ် အသုံးပြူပေးသင့်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်ကြား သောက်သုံးပေးပါ။ ပေါင် ၁၂၀ ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့ရေ ၈ ခွက်သောက်ဖို့ လိုအပ်ပြီး ပေါင် ၁၉၀ ရှိတဲ့ လူတစ်ယောက်ဟာ ၁၂ ခွက်သောက်ဖို့ လိုအပ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ပျိုကိုယ်နု ဆိုတဲ့စကားအတိုင်း လုပ်ငန်းခွင် စိတ်ဖိစီးမှုများ၊ အိမ်တွင်းရေး ပြဿနာများ၊ စိတ်ညစ်မှုများဟာလည်း သင့်ကို ရုပ်ပိုရင့်စေမှာပါ။ ဘယ်လောက်ပဲစိတ်ညစ်ညစ်၊ စိတ်ဖိစီးမှုများများ အတတ်နိင်ဆုံး စိတ်ကိုကြည်လင်အောင်ထားပြီး ယုံကြည်ချက်ရှိရှိ ဖြေရှင်းသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ် ပုံမှန်ပြုလုပ်ပေးခြင်းက သင့်ကို အိုမင်းခြင်းက နှောင့်နေးစေပြီး နုပျိုနေစေမှာပါ။ မနက်တိုင်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းအစရှိတဲ့ လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ် သွေးသားလည်ပတ်မှုကို ကောင်းစေပြီး အောက်စီဂျင် ပမာဏကို မြှင့်တင်ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ချွေးအဖြစ် ပြန်လည်ထွက်သွားစေတဲ့အတွက် သင့်ကို ပေါ့ပါးသွက်လက်စေမှာပါ။

အသီးအနှံများ

အစားအသောက်စားတဲ့အခါ ဟင်းသီးဟင်းရွက်များနဲ့ အသီးအနှံများကိုလည်း မျှတအောင် စားသုံးပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်များဟာ သင့်ရဲ့ အသားအရေကို အမှန်တကယ် စိုပြေစေပြီး ကြည့်ကောင်းစေမှာပါ။ ဒါကြောင့် အသီးအနှံများရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးလှပါတယ်။

သကြားဓာတ် အလွန်အကျွံ စားသုံးခြင်း

ဒိုးနတ်များ၊ ရေခဲမုန့်များ၊ အာလူးကြော်များ စတဲ့ သကြားဓာတ်လွန်ကဲတဲ့ အစားအစာများ မကြာခဏ စားသုံးခြင်းဟာလည်း သင့်ရဲ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သကြားဓာတ် ပမာဏကို မြင့်တက်စေပြီး ဆီးချိုရောဂါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့မျက်နှာမှာ ဝက်ခြံများ ပေါက်စေနိုင်ပြီး အလှပျက်စေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့နှုတ်ခမ်းများကို ညိုမည်းစေပြီး အချိန်မတန်မီ သင့်ရုပ်ရည်ကို အိုမင်းရင့်ရော်သွားစေနိုင်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top