ပေါင် ၃၀၀ သန်းသုံးစွဲခဲ့ပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ မန်ယူနည်းပြ ပြော

yyl-021.jpg

မန်ယူအသင်းနည်းပြ မော်ရင်ဟို က လက်ရှိအချိန် အထိ အသင်းအတွက် ပြောင်းရွေကြေးပေါင် ၃၀၀ သန်းသုံးစွဲခဲ့ပေမဲ့ လုံလောက်မှုမရှိသေးဘူးလို့ ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ ဘန်လေအသင်း နဲ့ အင်္ဂါနေ့ ညပိုင်းက ကစားခဲ့တဲ့ပရီးမီယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

”အသင်းတစ်သင်းကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့ ဒုတိယနှစ်ပါ။ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်သေးပါဘူး။ မန်စီးတီးက နောက်ခံအစွန်လူတွေကို တိုက်စစ်မှူးတွေ ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်နေပါတယ်”လို့ မော်ရင်ဟိုက ပြောပါတယ်။ နည်းပြမော်ရင်ဟို ဟာ ၂၀၁၆ ခုနှစ်မေလက မန်ယူအသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ကွင်းလယ်လူပေါ့ဘာကို ကမ္ဘာစံချိန်တင်ပြောင်းရွေကြေးပေါင် ၈၉ သန်း၊ နောက်ခံဘူဘိုင်လီ ကိုပေါင် ၃၀ သန်းအပြင် ကွင်းလယ်လူ အမ်ခီတာရန်ကို ပေါင် ၂၆ ဒသမ ၃ သန်းပေးကာဝယ်ယူခဲ့ပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေကာလအတွင်းမှာလည်း တိုက်စစ်မှုး လူကာကူကို ပေါင် ၇၅ သန်း၊ နောက်ခံလူ လင်ဒီလော့ဖ်ကို ပေါင် ၃၁ သန်း၊ နဲ့ ကွင်းလယ်လူ မာတစ် ကိုပေါင် ၄၀ သန်း ပေးကာထပ်မံဝယ်ယူခဲ့ပါတယ်။

ဒါပေမဲ့ပြောင်းရွေကြေးပေါင် ၃၀ဝသန်း ဟာလုံလောက်မှုမရှိဘဲ အသင်းကြီးတွေ အတွက်ဈေးနှုန်း ဟာအခြားအသင်းတွေထက် မတူ ခြားနားနေတယ်လို့လည်း နည်းပြမော်ရင်ဟိုကပြောပါတယ်။ သမိုင်းမှာအောင်မြင်မှုတွေရှိခဲ့ဖူးတဲ့အသင်းတွေဟာ အဲဒီသမိုင်းကြောင့် ဈေးကွက်မှာ ပြစ်ဒဏ်ပေးခံနေရတယ်လို့ မန်ယူနည်းပြမော်ရင်ဟို ကပြောခဲ့ပါတယ်။ ကောင်းထက်ငွေ (ရိုးရာလေး) Ref : BBC : Jose Mourinho says £300m spend not enough

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top