Century Break အကြိမ် (၁၀၀၀) ပြည့်သူအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ စနူကာကစားသမား အိုဆူလီဗန်

hh2-1.jpg

ဗြိတိန်စနူကာ ကစားသမား ရွန်နီအိုဆူလီဗန်ကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက်မှာ Century Break (တစ်ကျူတည်းဖြင့် ရမှတ် (၁၀၀) နဲ့အထက်ရရှိမှု)အကြိမ် (၁၀၀၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး စနူကာကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အိုဆူလီဗန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရက်စတန်မြို့မှာ ကျင်းပခဲ့တဲ့ Players Championship ပြိုင်ပွဲမှာ တစ်ကျူတည်းနဲ့ ရမှတ် (၁၃၄) မှတ်ရယူပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သလို စနူကာသမိုင်းရဲ့ အကြီးမားဆုံးစံချိန်ကို ရေးထိုးနိုင်ခဲ့တာပါ။ စနူကာကစားသမားတစ်ယောက်အနေနဲ့ Century Break ရဖို့ဆိုရင် အချက်တိုင်း ဝင်အောင်ထိုးနိုင်ရမှာဖြစ်ပြီး ဇယ်သီး (၂၅) လုံးစလုံး ဝင်အောင်ထိုးရမှာပါ။ ဒါဟာ စနူကာလောကရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လို့ သတ်မှတ်ထားကြပါတယ်။

စနူကာလောကရဲ့ ပါရမီရှင်ကြီးလို့ သတ်မှတ်ခံထားရတဲ့ အိုဆူလီဗန်ဟာ ကမ္ဘာ့ချန်ပီယံရှစ်ဖလား ဆုဖလား (၅) လုံး၊ ဗြိတိန်ချန်ပီယံရှစ် ဆုဖလား (၇) လုံး၊ မာစတာဆုဖလား (၇) လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ အိုဆူလီဗန်ပြီးရင် Century Break အများဆုံးရဖူးသူကတော့ စတီဖင်ဟန်ဒရီဖြစ်ပြီး ကစားသမားဘဝမှာ Century Break (၇၇၅) ကြိမ် ရခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top