ခြေစမ်းပွဲမှာ မက်ဆီကို ကြမ်းကြမ်းတမ်းတမ်း မဖျက်ထုတ်ဖို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် စည်းကမ်းချက် ပေးပို့ခဲ့

s1.jpg

မော်ရိုကိုနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်အတွက် အာဂျင်တီးနားအသင်း ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေအရ လက်ရွေးစင်အသင်းအတွက် မက်ဆီ ပြန်ကစားပေးမလားဆိုတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အာဂျင်တီးနားအသင်း ထွက်ခဲ့ရပြီးနောက် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့ လက်ရွေးစင် ကစားသမားဘဝ အနာဂတ်က မသေချာမရေရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ကိုပါ အမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် မက်ဆီ ပြန်ကစားပေးလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အခုအခါမှာတော့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က မော်ရိုကိုအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ မက်ဆီနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ မော်ရိုကို ဘောလုံးအဖွဲ့ချုပ် သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Al Akhbar သတင်းဌာနက အခုလို ဖော်ပြခဲ့တာပါ။

အဲဒီစည်းကမ်းချက်တွေထဲမှာ ခြေစမ်းပွဲပြီးရင် မက်ဆီကို ဓာတ်ပုံမရိုက်ရဘူး၊ မော်ရိုကို ကစားသမားတွေကို မက်ဆီနဲ့ ဆယ်ဖီရိုက်ခွင့် မပြုဘူး၊ ပွဲမတိုင်ခင် ဒါမှမဟုတ် ပွဲအပြီးမှာ မီဒီယာတွေကို မက်ဆီနဲ့ အင်တာဗျူးလုပ်ခွင့် မပေးဘူးလို့ ဆိုပါတယ်။ အဲဒီအထဲက အချက် (၂) ချက်ကို ဘောလုံးအဖွဲ့ချုပ် (၂) ခုကြား သဘောတူညီမှု ရခဲ့ပြီးပြီလို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ ပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ မော်ရိုကို ကစားသမားတွေအနေနဲ့ မက်ဆီကို ကြမ်းကြမ်းတမ်းတမ်း ဘောလုံးဖျက်ထုတ်တာမျိုး မလုပ်ရဘူးလို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

(Unicode)

ေျခစမ္းပြဲမွာ မက္ဆီကုိ ၾကမ္းၾကမ္းတမ္းတမ္း မဖ်က္ထုတ္ဖုိ႔ အာဂ်င္တီးနား ေဘာလုံးအဖြဲ႕ခ်ဳပ္ စည္းကမ္းခ်က္ ေပးပုိ႔ခဲ့

ေမာ္႐ုိကုိနဲ႔ ကစားမယ့္ ေျခစမ္းပြဲစဥ္အတြက္ အာဂ်င္တီးနားအသင္း ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ပါ အခ်က္အလက္ေတြအရ လက္ေရြးစင္အသင္းအတြက္ မက္ဆီ ျပန္ကစားေပးမလားဆုိတာ ပုိၿပီး စိတ္ဝင္စားစရာ ေကာင္းလာခဲ့ပါတယ္။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲကေန အာဂ်င္တီးနားအသင္း ထြက္ခဲ့ရၿပီးေနာက္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ လက္ေရြးစင္ ကစားသမားဘဝ အနာဂတ္က မေသခ်ာမေရရာ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၉ ကုိပါအေမရိကၿပိဳင္ပြဲမွာ အာဂ်င္တီးနားအတြက္ မက္ဆီ ျပန္ကစားေပးလိမ့္မယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အခုအခါမွာေတာ့ အာဂ်င္တီးနား ေဘာလုံးအဖြဲ႕ခ်ဳပ္က ေမာ္႐ုိကုိအသင္းနဲ႔ ကစားမယ့္ ေျခစမ္းပြဲစဥ္မွာ မက္ဆီနဲ႔ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြကုိ ေမာ္႐ုိကုိ ေဘာလုံးအဖြဲ႕ခ်ဳပ္ထံ ေပးပုိ႔ခဲ့တယ္လုိ႔ သတင္းထြက္လာပါတယ္။ ေမာ္႐ုိကုိ ေဘာလုံးအဖြဲ႕ခ်ဳပ္ သတင္းရင္းျမစ္တစ္ဦးရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး Al Akhbar သတင္းဌာနက အခုလုိ ေဖာ္ျပခဲ့တာပါ။

အဲဒီစည္းကမ္းခ်က္ေတြထဲမွာ ေျခစမ္းပြဲၿပီးရင္ မက္ဆီကုိ ဓာတ္ပုံမ႐ုိက္ရဘူး၊ ေမာ္႐ုိကုိ ကစားသမားေတြကုိ မက္ဆီနဲ႔ ဆယ္ဖီ႐ုိက္ခြင့္ မျပဳဘူး၊ ပြဲမတုိင္ခင္ ဒါမွမဟုတ္ ပြဲအၿပီးမွာ မီဒီယာေတြကုိ မက္ဆီနဲ႔ အင္တာဗ်ဴးလုပ္ခြင့္ မေပးဘူးလုိ႔ ဆုိပါတယ္။ အဲဒီအထဲက အခ်က္ (၂) ခ်က္ကုိ ေဘာလုံးအဖြဲ႕ခ်ဳပ္ (၂) ခုၾကား သေဘာတူညီမႈ ရခဲ့ၿပီးၿပီလုိ႔ ဆုိပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ပုိစိတ္ဝင္စားစရာ ေကာင္းပါတယ္။ ေမာ္႐ုိကုိ ကစားသမားေတြအေနနဲ႔ မက္ဆီကုိ ၾကမ္းၾကမ္းတမ္းတမ္း ေဘာလုံးဖ်က္ထုတ္တာမ်ဳိး မလုပ္ရဘူးလုိ႔ ကန္႔သတ္ထားတယ္လုိ႔ ဆုိပါတယ္။

Nz (႐ိုးရာေလး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top