ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုနေရာမှာ အစားထိုး ရွေးချယ်မှုလုပ်

Cuban20Vice20President20Miguel20Mario20Diaz-Canel20Bermudez.jpg.jpg_11953290_ver1.0_1280_720.jpg

ကျူးဘားလွတ်တော်ဟာ သမ္မတ ရာအူးလ်ကက်စထရိုရဲ့ ညာလက်ရုံးဖြစ်တဲ့ မီဂူလ် ဒိုင်ယာ ကာနယ်လ် (Miguel Diaz-Cane)ကို ကက်စထရိုရဲ့နေရာ ဆက်ခံသူအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာကြောင့် ကက်စထရိုမိသားစုရဲ့ နှစ်အတန်ကြာ အုပ်စိုးမှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

ရာအူးလ်ကက်စထရိုဟာ ၂၀၀၆ ခုနှစ်က အစ်ကိုဖြစ်သူ ဖီဒယ်လ်ကက်စထရို ဆီကနေ သမ္မတ နေရာကို လွဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားဟာ ရာအူးလ် ကက်စထရိုလက်ထက်မှာ ကျူးဘားနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် စတင်နိုင်ခဲ့ပေမဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်နောက်ပိုင်းမှာ ကျူးဘား နဲ့အမေရိကန် ဆက်ဆံရေးဟာ အိုဘားမားလက်ထက် က ရှိခဲ့တဲ့ ဆက်ဆံရေးနဲ့ ပြောင်းပြန် ဖြစ်ခဲ့ရပါတယ်။

ရာအူးလ်ကက်စထရိုက သမ္မတရာထူးက အနားယူမှာဖြစ်ပေမယ့် ကျူးဘားကွန်မြူနစ် ပါတီအတွင်းမှာတော့ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ အမျိုးသားညီလာခံဟာ သမ္မတလောင်းကို မဲပေးရွေးချယ်ခဲ့တာဖြစ်ပေမဲ့ ရလဒ်တွေကို ဧပြီ ၁၉ ရက်နေ့အထိ တရားဝင်ကြေငြာမှု မရှိခဲ့ဘဲ ဒိုင်ယာကာနယ်လ်ကို သမ္မတအဖြစ်ရွေးချယ်ဖို့ မျှော်လင့်နေပါတယ်။

ကျူးဘားနိုင်ငံရဲ့ နောက်ထပ်တက်လာမယ့် ခေါင်းဆောင်ဟာ စီးပွားရေးတည်ငြိမ်မှု နဲ့ အပြောင်းလဲအတွက် လူငယ်တွေရဲ့ကဏ္ဍကို အဓိက ကိုင်တွယ် ဆောင်ရွက်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Ref: Cuba’s likely new leader, Miguel Diaz-Canel, faces economic and diplomatic challenges

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top