စာဖတ်ခြင်း၏အရေးပါပုံ၊ စာဖတ်ကျင့်ကိုပျိုးထောင်ခြင်းနှင့် The Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်

Article-1-02.jpg

မျက်မှောက်ခေတ်တွင် ပြောင်းလဲလာသောလူနေမှုပုံစံများ၊ တိုးတက်ဖွံ့ဖြိုးလာသည့်နည်းပညာများ၊ နေ့စဉ်သုံးစွဲနေသည့် လူမှုကွန်ရက်များနှင့် အခြားသောလိုအပ်ချက်များအရ စာအုပ်ကိုင်ကာစာဖတ်သည့်အလေ့အထသည် တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်သည်။ သို့သော် digital books များသည် အမြင်အာရုံထူးခြားမှုကိုမပေးစွမ်းနိုင်ခြင်း၊ လက်ထဲကိုင်ကာဖတ်မရသောကြောင့် စိတ်ကျေနပ်မှုမရခြင်းတို့ရှိနိုင်ပြီး ထိုလိုအပ်ချက်များကို ပုံနှိပ်ထုတ်ဝေထားသည့်စာအုပ်များမှသာ ရရှိနိုင်ပါသည်။ ထိုစာအုပ်များသည် တာရှည်ခံပြီး မည်သည့်ပစ္စည်းကိရိယာကိုမဆို မှီခိုရန်မလိုအပ်ပေ။ နောက်ထပ် လျစ်လျူမရှုနိုင်သည့်အချက်မှာ စာအုပ်များသည် တစ်ဦးနှင့် တစ်ဦးဝေမျှရန်လွယ်ကူပြီး အသိပညာဗဟုသုတ သတင်းအချက်အလက်များပျံ့ပွားစေရန်ပေးနိုင်သော အဓိပ္ပာယ်ရှိသည့်လက်ဆောင်လည်းဖြစ်သည်။

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတတိုးပွားစေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်မြင့်မားလာစေနိုင်

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတတိုးပွားစေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်မြင့်မားလာစေနိုင်ရုံမျှမက လူအများနှင့်ပြောဆိုဆက်ဆံမှုစွမ်းရည်ကောင်းမွန်ခြင်း၊ အမှန် အမှားကို သေချာကွဲပြားသိနိုင်ပြီး ဘဝခရီးကို တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေးတို့တွင် အထောက်အကူပြုနိုင် ပါသည်။

စာဖတ်ခြင်းသည် စာပေသင်ကြားရေး၊ အောင်မြင်မှုနှင့် စိတ်ကူးကြံစည်နိုင်မှုတို့အတွက် လိုအပ်သော အခြေခံအကျဆုံးစွမ်းရည်တစ်ခုဖြစ်သည်။ ထို့အပြင် ပညာပါရမီကို ကောင်းကျိုးပြုစေနိုင်ရုံမျှမက ဘဝတစ်သက်တာအောင်မြင်မှုအတွက် လိုအပ်သည့်စွမ်းဆောင်ရည်တစ်ခုလည်း ဖြစ်ပါသည်။ ကောင်းမွန်သော စာပေများဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့၏ ဝေါဟာရသုံးစွဲမှုများ တိုးတက်နိုင်အောင်ကူညီပေးသည်။ အာရုံစိုက်နိုင်စွမ်းမြင့်မားလာပြီး အရာရာကို ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို သန်စွမ်းလာအောင် အထောက်အကူပြုသည်။

ကလေးများကို ငယ်စဉ်အခါမှစ၍ စာဖတ်ကျင့်နှင့် စာအုပ်များကိုကြိုက်နှစ်သက်အောင် မိဘများက အထူးအားထုတ်လုပ်ဆောင်ပေးရန် အလွန်အရေးကြီးပါသည်။ ကလေးများအတွက် စာဖတ်ခြင်းအလေ့အကျင့်ကိုရရှိစေရန် ငယ်စဉ်အခါကတည်းက အိမ်တွင် စာဖတ်ပြခြင်းက ကလေးများအတွက် ကောင်းမွန်သည့်တွန်းအားတစ်ခုဖြစ်စေနိုင်ပါသည်။ ကလေးများနှင့် စာအတူဖတ်ရှုခြင်းအားဖြင့် ကလေးများအနေဖြင့် စာဖတ်ခြင်းအကျိုးကို ကိုယ်တိုင်လက်တွေ့သိရှိနားလည်စေပြီး စာများပိုမို ဖတ်ရှုစေရန်လည်း အထောက်အကူများစွာဖြစ်စေပါသည်။

ထို့အပြင် ခေတ်မီတိုးတက်ပြောင်းလဲလာသော လူနေမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း အဆင့်အတန်း မြင့်မားလာမှုများကြောင့် မြန်မာပြည်သူများအနေဖြင့်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အပတ်တကုတ်ကြိုးစားအားထုတ်ရန် လိုအပ်လာပါသည်။ အင်္ဂလိပ်စာ၏ အရေးကြီးပုံကို ပိုမိုသိရှိနားလည်လာပြီး အင်္ဂလိပ်စာကို လေ့လာသင်ယူသူများပြားလာခြင်းနှင့်အတူ အင်္ဂလိပ်ဘာသာစာအုပ်များကို ဖတ်ရှုလေ့လာသူ အလွန်များပြားလာသည်။ သို့သော် အင်္ဂလိပ်စာစာအုပ်များသည် ဈေးနှုန်းအလွန်မြင့်မား၍ လူတိုင်းဝယ်ယူရရှိနိုင်ရန်ခက်ခဲပြီး တန်ဖိုးကြီးသောပစ္စည်းတစ်ခုအဖြစ် လူအများက (အထူးသဖြင့်ကျောင်းသားများ) သတ်မှတ်ကြသည်။ ထို့ကြောင့် လူတိုင်းအတွက် လုံလောက်သောစာအုပ်များမရရှိနိုင်သေးပေ။

The Big Bad Wolf စာအုပ်အရောင်းပွဲတော်သည် မြန်မာပြည်မှ စာဖတ်သူများထံ ဝတ္ထု၊ သုတရသ စာပေ၊ ကလေးစာအုပ်များစသည့် ရွေးချယ်စရာစာအုပ်အမျိုးအစားအစုံအလင်ကို ပေးအပ်လိုခြင်းဖြစ်

The Big Bad Wolf စာအုပ်အရောင်းပွဲတော်သည် မြန်မာပြည်မှ စာဖတ်သူများထံ ဝတ္ထု၊ သုတရသ စာပေ၊ ကလေးစာအုပ်များစသည့် ရွေးချယ်စရာစာအုပ်အမျိုးအစားအစုံအလင်ကို ပေးအပ်လိုခြင်းဖြစ်သည်။ ထို့အပြင် မည်သူမဆို ဗဟုသုတရှာဖွေစုဆောင်းနိုင်ခွင့်ရှိသင့်သည်ဟုလည်း Big Bad Wolf က ယုံကြည်ထားပါသည်။ The Big Bad Wolf ၏ ခံယူချက်အတိုင်း ကမ္ဘာတစ်ဝှမ်းလှည့်လည်ကာ စာအုပ်ပွဲတော်များ လုပ်နေစဉ်တစ်လျှောက် အင်္ဂလိပ်စာတတ်မြောက်ခြင်းစွမ်းရည်တိုးတက်လာသည်ကို မြင်တွေ့နိုင်ရန် မျှော်လင့်မိသလို စာအုပ်များကို လူအများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်စေလိုသည့် ဆန္ဒအပြည့်အဝရှိနေပါသည်။ ယခုဆိုလျှင် မန္တလေးမြို့သို့ အသစ်စက်စက်အင်္ဂလိပ်စာအုပ်များ ရောက်ရှိနေပြီဖြစ်ပါသည်။

မန္တလေးကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပသည့် the Big Bad Wolf စာအုပ်အရောင်း ပွဲတော်သို့ မည်သူမဆိုလာရောက်ရန်ဖိတ်ခေါ်လျက်ရှိပြီး ယခုချိန်ထိလူပေါင်း (၄၅,၀၀၀) ခန့် လာရောက်ခဲ့သည်။ စာအုပ်အရောင်းပွဲတော်တွင် ပရိသတ်များသည် တစ်နေ့လုံး၊ တစ်ညလုံး နှစ်သက်ရာစာအုပ်များကို ရှာဖွေဝယ်ယူကြသည်။ စာအုပ်ပွဲတော်ဖွင့်ကတည်းက မိဘအများစုသည် သူတို့ကလေးများအတွက် စာအုပ်များဝယ်ယူရန် ကလေးများနှင့်အတူလာကြသည်။ ထို့ကြောင့် ဈေးဝယ်သူအရေအတွက်အရ မိဘများက ဆက်လက်ဦးဆောင်နေသလို အရောင်းပွဲတော်တွင် လူငယ်များကလည်း လိုအပ်သောစာအုပ်များအတွက် တက်ကြွစွာလာရောက်လေ့လာနေသည်ကို တွေ့ရပါသည်။

The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မေလ (၃၁) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ မန္တလေးကွန်ဗင်းရှင်းစင်တာ (MCC) တွင် (၂၄) နာရီပတ်လုံးကျင်းပသွားမည်ဖြစ်ပြီး အရည်အသွေးမြင့် အင်္ဂလိပ်စာအုပ်များကို ၅၀% မှ ၉၀% အထိ အထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ စာအုပ်အရောင်းပွဲတော်အတွက် ဝင်ခွင့်မှာလည်း အခမဲ့ ဖြစ်သောကြောင့် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ လာရောက်နိုင်ရန် The Big Bad Wolf က ဖိတ်ခေါ်ထားပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top