၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်နော်အုန်းလှ ဝင်ရောက် ယှဉ်ပြိုင်မယ်

18-6-2020-yyl-010.jpg

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ UNDP ပါတီက ဇွန် ၁၇ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်နော်အုန်းလှ ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာဟာ ကရင်တိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ် ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ်ဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ရာထူးဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဒေါ်နော်ပန်းသဉ္စာမျိုး ဖြစ်ပါတယ်။

ဒေါ်နော်အုန်းလှမှာ UNDP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီဗဟိုက တာဝန်ပေးအပ်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top