သဘာဝပါဝင်ပစ္စည်းတွေနဲ့ ခံတွင်းသန့်ဆေးရည်ပြုလုပ်နည်းများ

69343037.cms_.jpg

ပါးစပ်၊ ခံတွင်းကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ပါးစပ်ကို ဂရုမစိုက်ဖြစ်ဘူးဆိုရင် ပါးစပ်အနံ့ဆိုးတွေ၊ အခေါင်းပေါက်တွေ၊ သွားချေးတွေကဲ့သို့ သွားဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ဖို့ သင်ယူခဲ့ရပြီး ကျွန်တော်တို့ အများစုက ဒါကို အမြဲတစေလိုက်နာကြရပါတယ်။ ဒါပေမဲ့ သင့်သွားတွေ အန္တရာယ်ကင်းဖို့အတွက် သွားတိုက်တာတစ်ခုတည်းနဲ့တင် အလုပ်မဖြစ်ပါဘူးနော်။ ခံတွင်းသန့်ဆေးရည်နဲ့ သန့်ရှင်းပေးတာကလည်း အရေးပါ ပါတယ်။ ခံတွင်းသန့်ဆေးရည်က ခံတွင်းအနံ့ကို ကောင်းစေတဲ့အပြင် သွားတွေကို အခေါင်းပေါက်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မားကတ်စ်တွေမှာ ခံတွင်းသန့်ဆေးရည် အမျိုးအစားများစွာ ရှိပါတယ်။ ဒါပေမဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး အိမ်မှာ ကိုယ်ကိုယ်တိုင် လုပ်လို့ရပါတယ်။ ခံတွင်းသန့်ဆေးရည်ပြုလုပ်လို့ရတဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်နည်းတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

ပါဝင်ပစ္စည်းအနေနဲ့ကတော့ မုန့်ဖုတ်ဆိုဒါ (လက်ဖက်ရည်ဇွန်း တစ်ဝက်)နဲ့ ရေနွေးနွေးလေးအနည်းငယ်တို့ပါပဲ။ ကျွန်တော်တို့ လုပ်ပေးရမှာက ရေနွေးနွေးလေး ဖန်ခွက် တစ်ဝက်ထဲကို မုန့်ဖုတ်ဆိုဒါ ထည့်လိုက်ပါ။ သမအောင် ရောမွှေလိုက်ပြီး သွားတိုက်ပြီးတဲ့နောက် ဒီအရောအနှောနဲ့ ပါးစပ်ကို ပလုတ်ကျင်းလိုက်ရမှာဖြစ်ပါတယ်။ ဘယ်လိုအသုံးဝင်လည်းဆိုရင် မုန့်ဖုတ်ဆိုဒါက ပါးစပ်အနံ့ဆိုးတွေနဲ့ ခံတွင်းက ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးဖို့အတွက် အစွမ်းထက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

အုန်းဆီ

ပါဝင်ပစ္စည်းတွေကတော့ အုန်းဆီ (လက်ဖက်ရည်ဇွန်း (၁)ဇွန်း) ပါပဲ။ သင့်ပါးစပ်ထဲကို အုန်းဆီကို ထည့်လိုက်ပြီး ၁၀-၁၅ ကြိမ်လောက် ပလုတ်ကျင်းလိုက်ပါ။ အဲဒီနောက်ဆီတွေကို ထွေးထုတ်လိုက်ပြီး ရေနဲ့ သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဘယ်လိုအသုံးဝင်လည်းဆိုတာကတော့ အုန်းဆီက ကောင်းတဲ့ပါးစပ်သန့်ဆေးရည်ဖြစ်တဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း သန့်စင်ပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ သွားမှာ သွားချေးဖြစ်လာတာကိုလည်း လျော့ကျစေပါတယ်။

ဆား

ပါဝင်ပစ္စည်းတွေကတော့ ဆား (လက်ဖက်ရည်ဇွန်း (တစ်ဝက်)) နဲ့ ရေနွေးနွေးလေး (တစ်ဝက်) ဖြစ်ပါတယ်။ လုပ်ပေးရမှာက ရေထဲကို ဆားထည့်လိုက်ပြီး သမအောင်မွှေလိုက်ပါ။ အဲဒီနောက် ပါးစပ်ကို အဲဒီဆားအရည်နဲ့ သန့်စင်လိုက်ရုံပါပဲ။ အစားအစာပြီးတဲ့နောက် ဆားရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။ ဆားရည်က မားကတ်စ်တွေမှာ ရှိတဲ့ အခြားပါးစပ်သန့်ဆေးရည်တွေလိုပဲ ထိရောက်မှုရှိပါတယ်။ သွားပြဿနာတွေနဲ့ သွားချေးတွေကို လျော့ပါးသွားအောင် ကူညီပေးပါတယ်။

ရှားစောင်းလက်ပက်အရည်

ပါဝင်ပစ္စည်းတွေက ရှားစောင်းလက်ပက်အရည် (ခွက်တစ်ဝက်) နဲ့ ကျိုပြီးသားရေနွေး (ဖန်ခွက်တစ်ဝက်) တို့ပါပဲ။ ရေထဲကို ရှားစောင်းလက်ပက်အရည်တွေကို ရောစပ်လိုက်ရမှာဖြစ်ပါတယ်။ သွားတိုက်တဲ့အခါတိုင်း ဒီအရည်နဲ့ ပါးစပ်ကို ပလုတ်ကျင်းလိုက်ပါ။ ဒီအရည်က သွားဖုံးသွေးထွက်တာနဲ့ သွားချေးဖြစ်တာတွေကို လျော့နည်းအောင် ကူညီပေးပါတယ်။

သစ်ကြံပိုးခေါက်နဲ့ လေးညှင်းပွင့်ဆီ

ပါဝင်ပစ္စည်းတွေက ကျိုချက်ပြီးသား ရေ (၁) ခွက်၊ သစ်ကြံပိုးခေါက်ဆီ ၊ လေးညှင်းဆီ (၁၀) စက်စီဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေအကုန်လုံးကို ရောနှောလိုက်ပြီးတာနဲ့ အသုံးပြုလို့ရပါပြီ။ ဒီအရောအနှောကို အချိန်အကြာကြီးအသုံးပြုလို့ရတဲ့အတွက် သိမ်းဆည်းထားလို့ရပါတယ်။ လေးညှင်းပွင့်နဲ့ သစ်ကြံပိုးခေါက်ဆီတွေက ခံတွင်းအနံ့ကို ကောင်းစေပြီး သွားအခေါက်ပေါက်ဖြစ်ခြင်းကို ကူညီပေးပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top