ကျန်းမာစွာနေထိုင်နိုင်ဖို့ ရောဂါပိုးမွှားသန့်စင်အောင် လက်ကို သေချာဆေးကြမယ်

yyl-022-6.jpg

လက်ကို သန့်စင်ဆေးကြောတာက ကျွန်တော်တို့တွေ မဖြစ်မနေလုပ်ဆောင်ရမဲ့ တစ်နေ့တာ အလေ့အကျင့်ဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေကြောင့်ဖြစ်လာတဲ့ရောဂါတွေမှာ ကာကွယ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ကို သန့်စင်ဆေးကြောတာက အခုဆို ပိုပြီးတောင်အရေးကြီးပါတယ်။ ကမ္ဘာနိုင်ငံတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ပျံ့နှံ့နေလို့ပါပဲ။ သေစေနိုင်တဲ့ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် လက်ကို သန့်စင်ပေးရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။ ဒါပေမဲ့ သင်က ရောဂါပိုးမွှားတွေ မကူးစက်စေဖို့အတွက် လက်ကို သန့်စင်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။ လူအများစုက ဆပ်ပြာနဲ့ လက်တွေကို စက္ကန့်အနည်းငယ်သာ ပွတ်တိုက်ပြီး ရေဆေးဖြစ်ကြပါတယ်။ အဲနည်းနဲ့ လုံလောက်ရဲ့လား။ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

လက်သန့်စင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း

သင့်လက်တွေကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် (၃၀) လောက် ပွတ်သင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါက သင့်လက်မှာရှိနေတဲ့ ဘတ်တီးရီးယားနဲ့ ရောဂါပိုးမွှားအားလုံးကို သတ်ပေးပါတယ်။ The Centers for Disease Control and Prevention က သင့်လက်တွေကို ဆေးတဲ့အချိန်တိုင်း အောက်မှာ ဖော်ပြပေးထားတဲ့ အဆင့် (၅) ချက်ကို လိုက်နာဖို့ အကြံပြုထားပါတယ်။

အဆင့်(၁) – သင့်လက်တွေကို သန့်စင်တဲ့ရေနဲ့စိုစွတ်အောင်လုပ်လိုက်ပါ။
အဆင့်(၂) – ဆပ်ပြာကို လက်ထဲထည့်လိုက်ပြီး လက်နှစ်ဖက်ချင်းနှံ့စပ်အောင် ပွတ်လိုက်ပါ။
အဆင့် (၃) – လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားတွေမှာ အမြုပ်ထွက်တဲ့အထိပွတ်ပေးပါ။
အဆင့် (၄) – စက္ကန့်(၃၀) လောက် သင့်လက်တွေကို တိုက်ချွတ်ပေးပါ။
အဆင့် (၅) – သင့်လက်တွေကို ရေနဲ့ နှံ့စပ်အောင် ဆေးကြောလိုက်ပြီး အဲဒီနောက်မှာ သန့်စင်တဲ့လက်သုတ်ပုဝါနဲ့ ရေခြောက်သွားအောင် သုတ်လိုက်ပါ။

လက်သန့်ဆေးရည်ကို အသုံးပြုလည်းအဆင်ပြေပါတယ်

ဆပ်ပြာနဲ့ရေက လက်ကို သန့်စင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမဲ့ ရေတို့ဆပ်ပြာတို့နဲ့ သန့်စင်ဖို့ အဆင်မပြေဘူးဆိုရင် အနည်းဆုံး အယ်ကိုဟော (၆၀) ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပေးလို့ရပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်အသုံးပြုရင်တောင် လက်ကို စက္ကန့် (၃၀) လောက် ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။
အဆင့် (၁) – သင့် လက်ထဲကို လက်သန့်ဆေးရည်အနည်းငယ်ထည့်လိုက်ပါ။
အဆင့် (၂) – လက်ကို စက္ကန့် (၃၀) လောက် ပွတ်တိုက်လိုက်ပါ။
အဆင့်(၃) – သင့်လက်ခြောက်သွားတဲ့အချိန် လက်တွေကို ပွတ်ပေးပါ။

လက်ကို ဘယ်နှစ်ကြိမ်လောက် ဆေးကြောသန့်စင်ပေးသင့်လဲ

လက်ဆေးတာက ရောဂါပိုးမွှားအန္တရာယ်ကနေ ကာကွယ်ဖို့ အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့မဆေးသင့်ပါဘူး။ အကြိမ်များစွာ လက်ဆေးတာက လက်ကို ခြောက်သွေ့အက်ကွဲစေပါလိမ့်မယ်။ သန့်စင်ခန်းသွားတာ၊ ညစ်ပတ်တဲ့နေရာကို ကိုင်မိထိမိတာ၊ အစားစားတာ၊ အစားအသောက်ပြင်ဆင်ပြီးတဲ့နောက်မှာ လက်ဆေးပေးဖို့ အရေးကြီးပါတယ်။

Ref: The right way to keep your hands germ-free to stay healthy
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top